(မှုခင်း) သြဂုတ် ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် လေဆိပ်တွင် လောင်းကစားအမှုနှင့် တရားခံပြေးတစ်ဦးအား PSMS စနစ်ဖြင့် စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၂ ရက် မွန်းလွဲ ၄ နာရီခွဲအချိန်ဝန်းခန့်က တာချီလိတ်လေဆိပ်မှ ဟဲဟိုးလေဆိပ်သို့ ထွက်ခွာမည့် ခရီးသည်များအား PSMS စနစ်အသုံးပြုပြီး စစ်ဆေးခဲ့ရာ တာချီလိတ်မြို့မရဲစခန်း၌ ၂၀၂၄ ခုနှစ်တွင် လောင်းကစားဥပဒေပုဒ်မ ၁၈(က) အမှုနှင့် တရားခံပြေးအဖြစ် သတ်မှတ်ထားသူ မအေးငြိမ်းစံ (ခ) အိမ့်ကို တွေ့ရှိသဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိတရားခံအား တာချီလိတ်လေဆိပ် လုံခြုံရေးရဲတပ်ဖွဲ့က ဟောင်လိတ်နယ်မြေရဲစခန်းသို့ ခေါ်ဆောင်အပ်နှံခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN