Expressယာဉ်ပေါ်သို့ ဓါတ်ကြိုးပြုတ်ကျရာမှ ကားပေါ်ရှိ အမျိုးသား၃ဦး ဓာတ်လိုက်မှုဖြစ်ပွား

(မှုခင်း) သြဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် Expressယာဉ်ပေါ်သို့ ဓါတ်ကြိုးပြုတ်ကျရာမှ ကားပေါ်ရှိ အမျိုးသား၃ဦး ဓာတ်လိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၁၂ရက်နေ့ ည၁၀နာရီ၃၄မိနစ်အချိန်တွင် ပြင်ဦးလွင်မြို့နယ်တွင် ရပ်ကွက်ကြီး(၃)၊ အောင်ဇေယျလမ်းရှိ တောင်တမာပင်၏ သစ်ကိုင်းကျိုးကျ၍ ရပ်နားထားသည့် Expressယာဉ်ပေါ်သို့ ဓါတ်ကြိုးပြုတ်ကျကာ ကားပေါ်ရှိ ကျား(၃)ဦး ဓာတ်လိုက်မှုဖြစ်ပွားသဖြင့် ခ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အမျိုးသား ၃ဦး အနက် ၁ဦး သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား သန္တိသုခလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN