မီးဖိုမှ မီးကြွင်းမီးကျန်ကြောင့် တပ်ကုန်းမြို့နယ်တွင် နေအိမ်တစ်လုံး မီးလောင်

(မှုခင်း) ဩဂုတ် ၁၂

တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊ နယ်မြေ(၁၃)ကွက်သစ်၊ ဗိုလ်ချုပ်လမ်းရှိ ဩဂုတ်လ ၁၂ ရက် နံနက် ၁၀ နာရီ ၅ မိနစ်ခန့်က ဒေါ်တင်ဇာဝင်း၏ နေအိမ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ တပ်ကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့တို့က မီးသတ်ယာဉ် ၃ စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၁၃ မိနစ်အချိန်တွင် မီးငြှိမ်းသွားခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်ကျွမ်းသည့် နေအိမ်မှာ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း သုံးပင်ပတ်လည် အမျိုးအစားဖြစ်ပြီး မီးဖိုအတွင်းရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN