ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်သည့် Express ယာဉ် လမ်းလယ်ကျွန်းဝင်တိုက်၊ ခရီးသည် ၁၄ ဦး ထိခိုက်မှုမရှိ

(မှုခင်း) ဩဂုတ် ၉

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၈၈/၁ အနီးတွင် ဩဂုတ် ၈ ရက် ည ၆ နာရီခန့်က ခရီးသည် ၁၄ ဦး လိုက်ပါလာသည့် စည်တော်ကြီး Express ယာဉ် ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ကာ လမ်းလယ်ကျွန်းအတွင်း ဝင်ရောက်ရပ်တန့်ခဲ့သည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသည့် 6D/1786 စည်တော်ကြီး Express ခရီးသည်တင်ယာဉ်သည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၈၈/၁ အနီးသို့ ရောက်ရှိစဉ် ကားဘီးပေါက်သွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဘီးပေါက်မှုကြောင့် ယာဉ်အား အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးရှိ Road Curb တုံးများကို ဝင်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းအတွင်း ရပ်တန့်ခဲ့ကြောင်း သိရသည်။အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၄ ဦး လိုက်ပါလာခဲ့သော်လည်း ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN