(မှုခင်း) သြဂုတ် ၇
စစ်ကိုင်းဒေသကြီး၊မုံရွာမြို့ပေါ်ရပ်ကွက်များမှ ခိုးလာသည့်ပစ္စည်းများနှင့်အတူ သူခိုး ၇ဦး၊ ခိုးရာပါပစ္စည်းလက္ခံသူ ၁ ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။
သြဂုတ် ၅ရက်နံနက်ပိုင်းကမုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ (နယ်မြေ၃)ရှိ နေအိမ်တွင် ခိုးမှုကျူးလွန်သူများ ရောက်နေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ရာ ခိုးရာပါဆိုင်ကယ်၂စီး၊ အဲယားကူလာ၁လုံး၊ တီဗွီ၁လုံးတို့နှင့်အတူ အိမ်ရှင်အပါအဝင် ခိုးမှုကျူးလွန်သူ၇ ဦးကို တွေ့ရှိစစ်ဆေးခဲ့ကာခိုးရာပါပစ္စည်းများကို အမျိုးသမီးတဦးထံ ရောင်းချခဲ့ကြောင်း ထွက်ဆိုသည်။
၎င်း ခိုးမှုကျူးလွန်သူများသည် မုံရွာမြို့၊နန္ဒဝန်ရပ်ကွက် ၊နယ်မြေ(၂)၊ (၃)၊ (၄)၊(၈)နှင့်ကျွန်းရွှေဝါလမ်း၌ နေထိုင်ကြသည့် ၁၆နှစ်အရွယ် လူငယ်များ ဖြစ်ကြပြီး နယ်မြေ(၈)တွင် နေထိုင်သည့် ခိုးရာပါပစ္စည်းလက်ခံသူ အမျိုးသမီးထံသွားရောက်စစ်ဆေးရာ၌ ရေခဲသေတ္တာ၂လုံး၊ အဲယားကိုလာ၁လုံးနှင့် ရေမော်တာ၁လုံးတို့ကို တွေ့ရှိဖမ်းဆီးရမိပြီး ခိုးမှုကျူးလွန်သူအမျိုးသား၁ဦး၏ နေအိမ်မှ အဝတ်လျော်စက်တလုံးလည်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ခိုးသူ၇ဦးနှင့် ခိုးရာပါလက်ခံသူ၁ဦးတို့ကို မုံရွာမြို့၊ နယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်နိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိသည်။

Telegram – t.me/positiveanglenews
#PAN