တနိုင်းမြို့တွင် G-6ကျောင်းသားလေးတစ်ဦး ရေနှစ်သေဆုံး

(မှုခင်း) သြဂုတ် ၇

ကချင်ပြည်နယ် တနိုင်းမြို့ တနိုင်းချောင်း ကြိမ်ခြံအနီး၌ ရေနစ်သေဆုံးနေသည့် G-6ကျောင်းသားတစ်ဦး ရုပ်အလောင်း ပြန်လည်တွေ့ရှိရကြောင်း သိရသည်။

သြဂုတ် ၇ ရက်နေ့ နံနက်ပိုင်းတွင် ယမန်နေ့မှ ရေချိုးရင်း ရေနစ်ခဲ့သည့် ကျောင်းသားမောင်မျိုးလတ်၏ ရုပ်အလောင်းအား လမုန်ချောင်းဆုံအနီးတွင်တွေ့ရှိရကြောင်း သတင်းပေးချက်အရ မီးသတ်တပ်ဖွဲ့များနှင့်တာဝန်ရှိသူများက လှေဖြင့် ရုပ်အလောင်းအား သွားရောက်သယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနှစ်သေဆုံးသွားသူ အသက်၁၃နှစ်အရွယ် မောင်မျိုးလတ် (ဘ)ဦးလနူး ဆွတ်ငိုင်ရပ်ကွက် သာယာ(၁)အပိုင်း တနိုင်းမြို့နေသူဖြစ်ပြီး အမက-ကောင်ဂျာကျောင်းတွင် G-6တန်း၌ တက်ရောက်နေသော ကျောင်းသားဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN