PDF အချင်းချင်းရန်ဖြစ်ရာမှ သေနတ်ကျည်ထွက်ပြီး PDFတာဝန်ခံ အမျိုးသမီးသေဆုံး

(ပြည်တွင်း)ဇူလိုင် ၂၉

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် အကြမ်းဖက် PDFအချင်းချင်း ရန်ဖြစ်ရာမှ သေနတ်ကျည်ထွက်ပြီး တိုက်နယ်အကြမ်းဖက်PDF တာဝန်ခံ အမျိုးသမီးသေဆုံးသွားကြောင်း သိရသည်။

ဇူလိုင်လ ၂၈ ရက်နေ့ည ၁၀ နာရီခန့်တွင် ရုံးစည်ကြီးတိုက်နယ် PDFလက်အောက်ရှိ PDFအဖွဲ့သည် ဂိတ်အနီးရှိ ဇရပ်တွင် ထမင်းစားနေစဉ် အကြမ်းဖက်PDFနှစ်ဦးဖြစ်သည့် သိန်းဌက်နှင့်ရဲထက်တို့ ဂိတ်ကြေးငွေခွဲယူရာတွင် စကားများကြပြီး သိန်းဌက်က ရဲထက်ကို သေနတ်ကျည်ထိုးကာ ပစ်ခတ်ရန်ပြင်စဥ် သေနတ်လုကြရာမှ ကျည်ထွက်သွားကြောင်း ဒေသသတင်းအရင်းမြစ်အရ သိရသည်။။

အဆိုပါ သေနတ်ကျည်ထွက်ပြီး ရုံးစည်ကြီးတိုက်နယ်အကြမ်းဖက်PDF တာဝန်ခံ အမရာမောင် (ခ) စွန်ရဲမ၏ လက်ပြင်မှ ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

#PAN