မိုင်းပွန်တံတား စစ်ဆေးရေးဂိတ်တွင် မူးယစ်တရားခံပြေးအမျိုးသမီးတစ်ဦး ဖမ်းမိ

(မှုခင်း) ဇူလိုင် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ်စပ်ရှိ မိုင်းပွန်တံတား ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် မူးယစ်တရားခံပြေး အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၁ ရက်၊ မွန်းလွဲပိုင်းအချိန်က လွိုင်လင်မြို့နယ်စပ်ရှိ မိုင်းပွန်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသော ယာဉ်များအား လုံခြုံရေးပူးပေါင်းအဖွဲ့မှ စစ်ဆေးရှာဖွေနေစဉ် တောင်ကြီးမြို့ဘက်မှ နမ့်စန်မြို့ ဘက်သို့ မောင်းနှင်လာသည့် ကားတစ်စီးပေါ်မှ မူးယစ်တရားခံပြေး ခိုင်သန္တာနောင် (ခ) အန်တီပေးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် တောင်ကြီးမြို့မရဲစခန်းတွင် ၂၀၂၄ ခုနှစ်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၆ (ဂ)/ ကျင့် ၅၁၂ ဖြင့် အမှုဖွင့်လှစ်ထားသည့် တရားခံပြေး တစ်ဦးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး သက်ဆိုင်ရာ ရဲစခန်းသို့ ပြန်လည်လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN