
(နိုင်ငံတကာ) ဇူလိုင် ၂၂
ထိုင်းနိုင်ငံ၊ မဲဆောက်မြိုတွင် မြန်မာနိုင်ငံဘက် ပိုဆောင်မည့် စွမ်းဆောင်ရည်မြင့် FPV ဒရုန်းများနှင့် ဆက်စပ်ပစ္စည်းများအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇူလှိင်လ ၂၁ရက်နေ့က ထိုင်းအာဏာပိုင်များသည် မဲဆောက်မြိုရှိ ပစ္စည်းပိုဆောင်ရေးကုမ္ပဏီတစ်ခုတွင် ဒရုန်းနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ဂျပ်ဖာ ၂ ခုဖြင့် ထုတ်ပိုးထားသည့် ဒရုန်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။
ထိူနောက် ထိုင်းအာဏာပိုင်များက ဆက်လက်စစ်ဆေးရာ ပစ္စည်းပို ဆောင်သူနှင့် လက်ခံမည့်သူ၏ လိပ်စာအရ ပစ္စည်းလက်ခံမည့်သူသည် အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသား မင်းနီကျော်ဆိုဖြစ်ကြောင်း သိရသဖြင့် ၎င်းအား မဲဆောက်မြို၊ အာရှလမ်းမကြီးဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်အနီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပြီး မင်းနီကျော်အား စစ်ဆေးရာ အဆိုပါပစ္စည်းများနှင့် ပတ်သက်သည့် တရားဝင်စာရွက်စာတမ်းများ ပြသနိုင်ခြင်း မရှိသည့်အပြင်၊ ၎င်း၏ နေထိုင်ရာအခန်းကို ဆက်လက်ရှာဖွေရာတွင်လည်း အပြီးသတ်တပ်ဆင်ထားပြီး အသင့်အသုံးပြုနိုင်သည့် FPV ဒရုန်း ၄ စင်း၊ တပ်ဆင်ရန် အသင့်ဖြစ်သော ဒရုန်းဘောင် (Frame) ၇ စုံ၊ မော်တာများ၊ ဒရုန်းကင်မရာများ၊ ထိန်းချုပ်ရေးဘုတ်ပြားများ၊ အင်တင်နာများ အပါအဝင် ဆက်စပ်ပစ္စည်းနှင့် အပိုပစ္စည်း စုစုပေါင်း ၁၆ မျိုးနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးမေးမြန်းရာတွင် အဆိုပါပစ္စည်းများသည် ချင်းမိုင်မှ မဲဆောက်သို ပိုဆောင်လာခြင်းဖြစ်ကြောင်း၊ ဂျပ်ဖာတွင်ပါရှိသည့် ပစ္စည်းများသည် မည်သည့်ပစ္စည်းများဖြစ်သည်ကို မသိရကြောင်း၊ ၎င်းပစ္စည်းများအား အမည်မသိ ကားသမားတစ်ဦးက လာယူမည်ဖြစ်ကြောင်း၊ အခကြေးငွေရရှိသဖြင့် လက်ခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ပစ္စည်းများ မဟုတ်ကြောင်း ဖမ်းဆီးခံရသူမင်းနီကျော်က တာဝန်ရှိသူများ စစ်ဆေးချိန်တွင် ထွက်ဆိုထားကြောင်း သိရသည်။
အဆိုပါထွက်ဆိုချက်ကို ထိုင်းအာဏာပိုင်များက လက်မခံဘဲ၊ အကောက်ခွန်လုပ်ငန်းစဉ် မပြီးပြတ်သေးသည့် သိုမဟုတ် တရားမဝင် တင်သွင်း၊ တင်ပိုထားသော ပစ္စည်းများကို ဝှက်ထားခြင်း၊ လက်ခံထားခြင်း သိုမဟုတ် လွှပြောင်းရောင်းချရန် ကူညီခြင်း စသည့် အကောက်ခွန်ဥပဒေ ချိုးဖောက်မှုများဖြင့် အမှုဖွင့်ကာ၊ သက်သေခံပစ္စည်းများနှင့် အတူ ကိုမင်းနီကျော်အား မဲဆောက်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်သွာမည်ဖြစ်ကြောင်း သိရသည်။