ဆီဘောက်ဆာယာဉ် လမ်းဘေးထိုးကျ၊ ယာဉ်မောင်းတစ်ဦး စိုးရိမ်ရဒဏ်ရာရ

(မှုခင်း) ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း (၁၈၀/၅) ဖာလုံအနီးတွင် ဇူလိုင် ၂၁ ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်က ဆီဘောက်ဆာယာဉ်တစ်စီးသည် လမ်းတစ်ဖက်ရှိ ယာဉ်တစ်စီးအား ရှောင်တိမ်းစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ် မီးသတ်စခန်းနှင့် ရေတာရှည်နယ်မြေမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေသယ်ယာဉ်များနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်၍ ဆီယိုစိမ့်မှုကြောင့် မီးလောင်မှုမဖြစ်ပွားစေရန် အအေးပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသား ၂ ဦးအနက် ယာဉ်မောင်းတစ်ဦးမှာ စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပြီး ဆွာလူမှုကူညီရေးအသင်း၏ သူနာတင်ယာဉ်ဖြင့် ဆွာဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN