သံဖြူဇရပ်မြို့နယ်တွင် အမျိုးသားတစ်ဦး ရေတွင်းထဲ ပြုတ်ကျ သေဆုံး

သံဖြူဇရပ်မြို့နယ်တွင် အမျိုးသားတစ်ဦး ရေတွင်းထဲ ပြုတ်ကျ သေဆုံး

(မှုခင်း) ဇူလိုင် ၂၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် အမျိုးသားတစ်ဦး ရေတွင်းထဲ ပြုတ်ကျ ာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၂၁ ရက် မွန်းလွဲ၁ နာရီ ၄၀ မိနစ်အချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ (၂) လမ်းရှိ နေအိမ်ရေတွင်းထဲသို့ အမျိုးသားတစ်ဦး ပြုတ်ကျမှုဖြစ်ပွားသဖြင့် သံဖြူဇရပ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ၏ရုပ်အလောင်းအား စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းယာဉ်ဖြင့် သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN