ပင်လယ်ကွေ့တွင် စစ်ရေးပဋိပက္ခများ အရှိန်မြင့်လာ – အမေရိကန်နှင့် အီရန်တို့ အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်

(နိုင်ငံတကာ) ဇူလိုင် ၁၆

    အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်နှင့် အီရန်တို့အကြား တင်းမာမှုများမှာ တစ်ကျော့ပြန် အရှိန်မြင့်တက်လာခဲ့ပြီး၊ အမေရိကန်စစ်တပ်က အီရန်နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်များကို ထပ်မံတိုက်ခိုက်ခဲ့သကဲ့သို့ တီဟီရန်ဘက်ကလည်း ကူဝိတ်၊ ဘာရိန်းနှင့် ဂျော်ဒန်ရှိ အမေရိကန်စစ်ရေးအခြေစိုက်စခန်းများကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပြန် လည်တုံ့ပြန် တိုက်ခိုက်ခဲ့သည်။                

    အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ချက်အရ ဗုဒ္ဓဟူးနေ့ညပိုင်းတွင် (၉၀) မိနစ်ကြာ မြင့်သည့် လေကြောင်းတိုက်ခိုက်မှုများကို ဆောင်ရွက်ခဲ့သည်။ ဤစစ်ဆင် ရေးသည် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ကုန်စည်စီးဆင်းမှုကို အီရန်တို့ အနှောင့်အယှက်ပေးနိုင်စွမ်းအား လျော့ကျစေရန် ရည်ရွယ်ပြီး ဘန်ဒါအဗ္ဗတ်ဆိပ်ကမ်းမြို့၊ Greater Tunb ကျွန်းရှိ ကမ်းရိုးတန်းကာကွယ်ရေးစနစ်များနှင့် ခရုဇ်ဒုံးကျည် ပစ်စင်များကို ပစ်မှတ်ထားခဲ့သည်။

    အီရန်နိုင်ငံပိုင်မီဒီယာများ၏ အဆိုအရ တီဟီရန်မြို့တော်အပါ အဝင် နိုင်ငံအနှံ့အပြားတွင် ပေါက်ကွဲသံများ ကြားရပြီး ဆမ်နန်မြို့ရှိ လေဆိပ်အဆောက်အအုံနှင့် သိုလှောင်ရုံများ ထိခိုက်ပျက်စီးခဲ့သည်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကလည်း ခူဇက်စတန်ပြည်နယ်ပေါ်တွင် အမေရိကန်၏ MQ-9 ဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

   ထို့ပြင် ဂျော်ဒန်၊ ကူဝိတ်နှင့် ဘာရိန်းရှိ အမေရိကန်စစ် တပ်အသုံးပြုနေသည့် လေတပ်စခန်းများနှင့် ရေဒါစနစ်များကို ပဲ့ထိန်းဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အီရန်ဘက်က ကြေညာသည်။                   

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို ပိုမိုကျယ်ပြန့်စွာ တိုးမြှင့်လုပ်ဆောင်သွားမည်ဟု အရိပ်အမြွက် ပြောကြားထားသည်။ ၎င်းက စစ်ရေးပစ်မှတ်များသာမက ဓာတ်အားပေးစက်ရုံများ၊ တံတားများနှင့် အခြေခံအဆောက်အအုံများကဲ့သို့သော အရပ်ဘက်အဆောက်အအုံများကိုပါ ပစ်မှတ်ထားတိုက် ခိုက်နိုင်ခြေရှိကြောင်း ပြောကြားခဲ့ခြင်းမှာ ဥပဒေရေးရာနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အကြီး အကျယ် ဝေဖန်ခံနေရသည်။

     အမေရိကန်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားပြီး အီရန်ကလည်း ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားသည့်အတွက် ဒေသတွင်း ပဋိပက္ခမှာ အရှိန်ပြင်းထန်လျက်ရှိသည်။ မကြာသေးမီကပင် M/T Belma အမည်ရှိ သင်္ဘောတစ်စင်းကို အမေရိကန်တို့က Hellfire ဒုံးကျည်များဖြင့် ပစ်ခတ်တားဆီးခဲ့သည်။ ဧပြီ လက ချုပ်ဆိုခဲ့သည့် အပစ်အခဲရပ်စဲရေး သဘောတူညီချက်မှာ ယခုအခါ ပြိုလဲလုနီးပါး ဖြစ်နေပြီး နှစ်နိုင်ငံစလုံးက တစ်ဖက်နှင့်တစ်ဖက် စာချုပ်ချိုးဖောက်သည်ဟု စွပ်စွဲလျက်ရှိသည်။      

Telegram»…  https://t.me/positiveanglenews

#PAN