“အလွန်ကြီးမားသည့် သတင်း” ဟု ကြွေးကြော်ထားသည့် ထရမ့်၏ Primetime မိန့်ခွန်းနှင့် အမေရိကန်နိုင်ငံရေး တင်းမာမှုများ

(နိုင်ငံတကာ) ဇူလိုင် ၁၆

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကြာသပတေးနေ့ညတွင် ရုပ်မြင်သံကြားမှတစ်ဆင့် ရှားပါးသည့် Primetime မိန့်ခွန်းတစ်ခုကို ပြောကြားသွားမည်ဖြစ်ပြီး၊ ၎င်းက ယင်းမိန့် ခွန်းတွင် “အလွန်ကြီးမားသည့် သတင်း” တစ်ရပ် ပါဝင်မည်ဟု ကတိပြုထားသည်။ အဆိုပါမိန့်ခွန်းသည် နိုဝင်ဘာလအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် ထွက်ပေါ်လာခြင်းဖြစ်ရာ အမေရိကန်နိုင်ငံရေးလောကတွင် အထူးအာရုံစိုက်မှုများ ရရှိနေသည်။            

     ထရမ့်သည် မည်သည့်သတင်းကို ကြေညာမည်ဟု တိတိကျ ကျ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း၊ အိမ်ဖြူတော်၏ အတည်ပြုချက်အရ ယင်းမိန့်ခွန်းသည် ရွေး ကောက်ပွဲစနစ်နှင့် ပတ်သက်၍ အဓိကထား ပြောကြားသွားမည်ဖြစ်သည်။ အထူးသဖြင့် ၂၀၂၀ သမ္မတရွေးကောက်ပွဲနှင့် ဆက်စပ်သည့် အချက်အလက်များ၊ အမေရိကန်နိုင်ငံ ၏ မဲပေးစက်များတွင် ရှိနေသည်ဟု ၎င်းတို့ယူဆသည့် အားနည်းချက်များနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အရေးကိစ္စများကို ထည့်သွင်းဆွေးနွေးဖွယ်ရှိသည်။          

     အစိုးရအရာရှိများ၏ အဆိုအရ ထရမ့်သည် ၂၀၂၀ ရွေး ကောက်ပွဲ စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်၍ အသစ်ထုတ်ပြန်လိုက်သည့် ထောက်လှမ်းရေး အချက်အလက်အချို့ကိုလည်း ထုတ်ဖော်ပြောကြားဖွယ်ရှိကြောင်း သိရသည်။

     ဤမိန့်ခွန်းသည် နိုဝင်ဘာ (၃) ရက် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ သုံးလခွဲအလိုတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ လက်ရှိတွင် ရီပတ်ဘလစ်ကန်ပါတီက လွှတ် တော်နှစ်ရပ်စလုံးတွင် အနည်းငယ်သော အသာစီးဖြင့် ထိန်းချုပ်ထားသော်လည်း၊ ဒီမိုကရက်တစ်ပါတီက အဆိုပါ အသာစီးရမှုကို ပြောင်းလဲရန် ကြိုး ပမ်းနေသည်။       

     ဝေဖန်သူများကမူ ထရမ့်အနေဖြင့် ဤအချိန်အခါကို အသုံး ပြု၍ လာမည့်ရွေးကောက်ပွဲများအပေါ် မဲဆန္ဒရှင်များ၏ ယုံကြည်မှုကို လျော့ပါးစေရန် သို့မဟုတ် ရွေး ကောက်ပွဲ စီမံခန့်ခွဲမှုအပေါ် ဖက်ဒရယ်အစိုးရ၏ သြဇာသက်ရောက်စေရန် ကြိုးပမ်းလိမ့်မည်ဟု စိုးရိမ်လျက်ရှိသည်။ လက်ရှိတွင် ထရမ့်၏ ဒုတိယသက်တမ်း လုပ် ဆောင်ချက်များအပေါ် မကျေနပ်ချက်များ မြင့်တက်နေချိန်ဖြစ်ရာ၊ ၎င်း၏ အမာခံမဲဆန္ဒရှင်များကို လှုံ့ဆော်ရန် ကြိုးပမ်းခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှုများ ရှိနေ သည်။

    ထရမ့်၏ မိန့်ခွန်းကို ကြာသပတေးနေ့ အမေရိကန်အရှေ့ ပိုင်းစံတော်ချိန် ည ၉ နာရီ (မြန်မာစံတော်ချိန် သောကြာနေ့ နံနက် ၁:၃၀ နာရီ) တွင် အိမ်ဖြူတော်မှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ် သည်။ အမေရိကန်၏ အဓိကရုပ်သံကွန်ရက်များအပြင် WhiteHouse.gov ဝဘ်ဆိုက်နှင့် အိမ်ဖြူတော်၏ YouTube စာမျက်နှာတို့မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

     ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည့် ထရမ့်၏ လုပ်ရပ်များသည် အမေရိကန်ဒီမိုကရေစီအတွက် စိန် ခေါ်မှုများစွာ ဖြစ်စေခဲ့သည်။ ရွေးကောက်ပွဲရလဒ်ကို အနိုင်ရရှိခဲ့ကြောင်း ပြောဆိုမှုများနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ စိန် ခေါ်မှုများ၊ စုံစမ်းစစ်ဆေးမှုများ ရှိခဲ့သော်လည်း အထောက် အထား ခိုင်လုံမှု မရှိခဲ့ပေ။ ယခုမိန့်ခွန်းသည်လည်း အငြင်းပွားမှုများစွာကို နောက်ထပ်တစ်ဖန် ဆက်လက်ဖြစ်ပေါ်စေမည့် အခြေ အနေရှိနေကြောင်း လေ့လာသူများက သုံးသပ်ထားကြသည်။             

Telegram»…  https://t.me/positiveanglenews

#PAN