



(အားကစား) ဇူလိုင် ၁၆
၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်အား အတ္တလန်တာမြို့ Mercedes-Benz ကွင်း၌ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းသည် အင်္ဂလန်အသင်းကို ၂ ဂိုး – ၁ ဂိုး ဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
ယခုပွဲစဉ်တွင် အာဂျင်တီးနားအသင်းနှငွ အင်္ဂလန်အသင်းတို့သည်ပထမပိုင်း၌ ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်တွင် အင်္ဂလန်အသင်းအတွက် အန်သိုနီ ဂေါ်ဒွန် (Anthony Gordon) က ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့သည်။
ထို့နောက် အာဂျင်တီးနားအသင်းသည် ပွဲချိန် ၈၅ မိနစ်တွင် မက်ဆီ၏ အံ့အားသင့်ဖွယ် ဖန်တီးပေးမှုမှတဆင့် အန်ဇို ဖာနန်ဒက်စ် (Enzo Fernández) က ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပြီး ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၂ မိနစ်တွင် မက်ဆီကပင် အနိုင်ဂိုးအတွက် အကောင်းဆုံး ဖန်တီးပေးခဲ့ပြီး လူစားဝင်တိုက်စစ်မှူး လော်တာရို မာတီးနက်ဇ် (Lautaro Martínez) က နောက်ကျအနိုင်ဂိုးအား သွင်းယူပေးနိုင်ခဲ့သည်။
အဆိုပါပွဲအနိုင်ရရှိခဲ့သည့် အာဂျင်တီးနားအသင်းသည် ဗိုလ်လုပွဲ၌ စပိန်အသင်းနှင့် ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အင်္ဂလန်အသင်းက ပြင်သစ်အသင်းနှင့် တတိယလုပွဲ ကစားရမည်ဖြစ်သည်။