
(ပြည်တွင်း) ဇူလိုင် ၁၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူ များနှင့်အတူ မကွေးတိုင်းဒေသကြီးအတွင်းရှိ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ဇူလိုင်လ ၁၃ ရက်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
သမ္မတနှင့်အဖွဲ့သည် မကွေးမြို့နယ်၊ သပြေဆန်ကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့နှင့် နေရောင်ခြည်စွမ်းအင်ကို ပေါင်းစပ်အသုံးပြုသည့် ၁၀၀ မဂ္ဂါဝပ်ရှိ Hybrid လျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်ခဲ့သည်။ ၎င်းစက်ရုံ၏ လျှပ်စစ်ထုတ်လုပ်မှု အခြေအနေများကို စစ်ဆေးခဲ့ပြီး ဒေသတွင်း လျှပ်စစ်ဓာတ်အား ဖူလုံရေးအတွက် ဆောင် ရွက်ရန် လမ်းညွှန်ခဲ့သည်။
ဆက်လက်၍ မကွေး-နေပြည်တော်လမ်းပေါ်ရှိ ကောင်းကို Group Co Ltd သို့ ရောက်ရှိပြီး ပြည်ပတင်ပို့မှုအလား အလာကောင်းသည့် နှမ်းသန့်စင်ခြင်းလုပ်ငန်းစဉ်များကို ကြည့်ရှုခဲ့သည်။ သမ္မတက အရည်အသွေးမြင့် နှမ်းမျိုးများရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုရန်နှင့် GAP (ကောင်း မွန်သော စိုက်ပျိုးကျင့်စဉ်) သင်တန်းများကို တောင်သူများထံသို့ ထိရောက်စွာ ပို့ချပေးရန် အလေးပေး ပြောကြားခဲ့သည်။
ခရီးစဉ်၏ နောက်ဆုံးအစီအစဉ်အဖြစ် သမ္မတနှင့် အဖွဲ့သည် မကွေးမြို့နယ်၊ ရှာပင်လှ ကျေးရွာအုပ်စုရှိ ရှာပင်လှ စိုက်ပျိုးမွေး မြူရေးဇုန်သို့ ဆက်လက်သွားရောက်ခဲ့သည်။ ဒေသဆိုင်ရာ တာ ဝန်ရှိသူများက အောင်လံမြို့နယ်အတွင်း မွေးမြူရေးဇုန်များ တည်ထောင်ခြင်း၊ စိုက်ပျိုးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်ခြင်း၊ သမဝါယမဦးဆောင်သည့် ကြက်မွေးမြူရေးလုပ်ငန်း၊ မြေယာဖွံ့ဖြိုးတိုးတက်ရေး၊ အနာဂတ် မွေးမြူရေးလုပ်ငန်း တိုးချဲ့ခြင်း၊ မြေယာအသုံး ပြုမှု၊ သီးနှံစိုက်ပျိုးရေး အစီအစဉ်များနှင့် ဒေသတွင်း ဆန်စပါးဖူလုံစေရေးအတွက် ရည်ရွယ်သည့် ဆည်မြောင်းအခြေအနေများကို သမ္မတအား ရှင်းလင်းတင်ပြခဲ့သည်။
သမ္မတက မကွေးတိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် ပြောင်း၊ ပဲ၊ ဆန်ကွဲနှင့် ဖွဲနုများကို အသုံးပြု၍ ဒေသတွင်း ၌ပင် တိရစ္ဆာန်အစာများ ထုတ်လုပ်ရန် လမ်းညွှန်ခဲ့သည်။ ၎င်းသည် ပြည်ပမှ တိရစ္ဆာန်အစာတင်သွင်းမှုကို လျှော့ချနိုင်ပြီး မွေးမြူ ရေးလုပ်ငန်းကို ပိုမိုတွန်းအားပေးနိုင်မည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
သမ္မတသည် စိုက်ပျိုးမွေးမြူရေးဇုန်အတွင်းရှိ မြေယာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဆည်မြောင်းအဆောက် အအုံများနှင့် ကြက်မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှုခဲ့ပြီး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်းပြည့်မီရေးအတွက် တာ ဝန်ရှိသူများကို မှာကြားခဲ့သည်။
Telegram»… https://t.me/positiveanglenews
#PAN