
(နိုင်ငံတကာ) ဇူလိုင် ၉
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ်ရှိ “ဖိနပ်မြို့ တော်” ဟု လူသိများသည့် ဂျင်ကျန်း (Jinjiang) မြို့ရှိ ဟွီထန် (Huiteng) ဖိနပ်စက်ရုံတွင် ကြာသပတေးနေ့က အကြီးအကျယ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီများက ဖော်ပြသည်။
ဆင်ဟွာသတင်းဌာနက ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းများတွင် စက်ရုံအဆောက်အအုံတစ်ခုလုံးမှ မည်းမှောင်နေသော မီးခိုးလုံးကြီးများ လေထုထဲသို့ အရှိန်အဟုန်ဖြင့် တက်နေသည်ကို တွေ့ရပြီး၊ အလုပ်သမားအချို့သည် ဘေးလွတ်ရာ အဆောက် အအုံ၏ ခေါင်မိုးပေါ်အထိ တက်ရောက်ကာ ပိတ်မိနေသည့် ထိတ် လန့်ဖွယ် မြင်ကွင်းများကို တွေ့မြင်ခဲ့ကြရသည်။
မီးလောင်မှုဖြစ်ပွားချိန်တွင် စက်ရုံအတွင်း၌ အလုပ်သမား ၂၄၀ နီးပါး ရှိနေခဲ့ပြီး၊ အာဏာပိုင်များက ကယ်ဆယ်ရေး ဝန်ထမ်းအင်အား ၅၀၀ ကျော်နှင့် ကယ်ဆယ်ရေးယာဉ်များ စေလွှတ်ကာ ငြှိမ်းသတ်ခဲ့ရသည်။ ကယ်ဆယ်ရေးသမားများက လူပေါင်း ၂၁၃ ဦးကို ဘေးလွတ်ရာသို့ အချိန်မီရွှေ့ပြောင်းပေးနိုင်ခဲ့သော် လည်း ယင်းအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံ၌ သေဆုံးသွားခဲ့သည်။ ထို့ပြင် ကနဦးက ပျောက်ဆုံးနေခဲ့သည့် အလုပ်သမား ၂၆ ဦးကိုလည်း စက်ရုံအတွင်း သေဆုံးလျက် ပြန် လည်တွေ့ရှိခဲ့ရသည်။

ကနဦးစုံစမ်းစစ်ဆေးမှုများအရ မီးလောင်မှုသည် စက်ရုံ၏ မြေညီထပ်ရှိ မီးလောင်လွယ်သောအထည်များနှင့် ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားသည့်နေရာမှ စတင်ပေါက် ကွဲ ထွက်လာခြင်းဖြစ်နိုင်ကြောင်း သိရသည်။ လတ်တလောတွင် အာဏာ ပိုင်များက စက်ရုံပိုင်ရှင်နှင့် ဆက်နွှယ်နေသည့် တာဝန်ရှိသူအချို့ကို ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး၊ စက်ရုံကုမ္ပဏီ၏ ဘဏ်အကောင့်ကိုလည်း အေးခဲပိတ်ဆို့ထားကြောင်း သိရသည်။
ဂျင်ကျန်းမြို့သည် ကမ္ဘာ့အားကစားဖိနပ်စုစုပေါင်း၏ ၂၀ ရာ ခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည့် တရုတ်နိုင်ငံ၏ အဓိက စက်မှုဇုန်မြို့ကြီးဖြစ်သည်။ ယခုဖြစ်စဉ်နှင့် ပတ် သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်က အဆိုပါမီးလောင်မှုကြောင့် “အသေ အပျောက် အများအပြား” ဖြစ်ပွားခဲ့ရသည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် တာဝန်ရှိသူများကို “ပြတ်ပြတ်သားသား အရေးယူရမည်” ဟု ညွှန်ကြားခဲ့သည်။
တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် နိုဝင်ဘာလက ဟောင်ကောင် လူနေအဆောက်အအုံ မီးလောင်မှုကြောင့် လူ ၁၆၈ ဦး သေ ဆုံးခဲ့ပြီးနောက်ပိုင်း အထပ်မြင့်နှင့် စက်ရုံမီးဘေးကာကွယ် ရေးကို တင်းကျပ်ထားသည့်ကြားမှ ယခုကဲ့သို့ စက်မှုဇုန်မတော်တဆမှုကြီး ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။
Telegram»… https://t.me/positiveanglenews
#PAN