(ပြည်တွင်း) ဇူလိုင်၄
မြစ်ကြီးနား-ရွှေဘို မီးရထားလမ်းပေါ်ရှိ မဲဇာကျေးရွာနှင့် မြစ်ကြီးနား-ရွှေဘို ကားလမ်းပေါ်ရှိ နန့်သဲကျေးရွာတို့အား ယနေ့ညနေပိုင်းအချိန်က တပ်မတော်မှ ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် မဲဇာကျေးရွာအပါအဝင် အဆိုပါ ကျေးရွာများအား ပြန်လည်သိမ်းပိုက်ရရှိရေး မိမိတို့၏ အသက်ကိုပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်ကာ ရွပ်ရွပ်ချွံချွံတိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ဆင်ရေးကာလအတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ထိတွေ့မှုစုစုပေါင်း ၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှအလောင်း ၇ လောင်း၊ လေယာဉ်ပစ် စက်သေနတ်အပါအဝင် လက်နက်မျိုးစုံ ၁၂ လက်၊အကြမ်းဖက်လုပ်ဆောင်ရာ တွင်အသုံးပြုခဲ့သည့် မော်တော်ယာဉ် ၂ စီး၊ Drone များ၊Drone ဗုံးသီးများ၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်သေဆုံးမှု များစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် အင်းတော်မြို့ နှင့် မဲဇာ ကျေးရွာအကြားရှိ ကျေးရွာများအား ယာယီစိုးမိုးထားစဉ်အတွင်း ဆက်သွယ်ရေ မြောင်းများတူးကာ ပြည်သူလူထုနေအိမ်များ၊ ခြံစည်းရိုးများတွင် ဘန်ကာများပြုလုပ်၍ အခိုင်အမာခံစစ်ဆင်၍ အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင် လျက်ရှိသည်။

#PAN