(မှုခင်း) ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် သာသနာ့ရိပ်သာ တွင် ဒေါက်တာဖေဉာဏ် (ဘွဲ့အမည် အရှင်ပညာဝံသ) သည် ကျောင်းဆောင်၌ တစ်ပါးတည်း သီတင်းသုံးနေစဉ် သတ်ဖြတ်ခံရကြောင်း သိရသည်။
ယနေ့နံနက် ပိုင်းက မှော်ဘီမြို့နယ်ရှိ စန္ဒကူးမြိုင် သာသနာ့ရိပ်သာတွင် သီတင်းသုံးနေထိုင်သည့် အရှင်ပညာဝံသ၏ ကျောင်းတိုက်သို့ တပည့် ဒကာ/ဒကါမများမှ ပင့်ခေါ်ရာ ဆရာတော်မှ ပြန်မထူးကြောင်း၊ ဖုန်းဖြင့်ဆက်သွယ်သော်လည်း မရသဖြင့် ကျောင်းတံခါးအား ရိုက်ဖွင့်ကြည့်ရာ ဆရာတော်မှာ သွေးအိုင်ထဲတွင် လဲကျပျံလွန်တော်မူနေကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အား သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ကျူးလွန်သူအား ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဒေါက်တာဖေဉာဏ်( အရှင်ပညာဝံသ)သည် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အပါအဝင် နိုင်ငံတော် အကြီးအကဲများ၏ အခါတော်ပေးအဖြစ် ထမ်းဆောင်ခဲ့ဖူးကြောင်း နိုင်ငံတော်အဆင့် အခါတော်ပေးနှင့် ဗေဒင်နက္ခတ်ပညာရှင်အဖြစ် ထင်ရှားသူဖြစ်ကြောင်း သိရသည်။

#PAN