(မှုခင်း) ဇူလိုင် ၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် သေနတ်ကိုင်ဆောင်ထားသူ အမျိုးသား ၄ဦးမှ အမျိုးသမီးငယ်တစ်ဦးအား ပြန်ပေးဆွဲ ခေါ်ဆောင်သွားကြောင်း သိရသည်။
ဇူလိုင်လ ၂ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ကျိုင်းတုံမြို့၊ အမှတ် (၅) ရပ်ကွက်၊ မိုင်းယန်းလမ်း၊ နွဲ့နောဘုန်းကြီးကျောင်းအနီးရှိ ကိုစိုင်းလွတ်၏ ပရိဘောဂနှင့် အိမ်သုံး ပစ္စည်းအရောင်းဆိုင်တစ်ဆိုင်သို့ သေနတ်အရှည်များ ကိုင်ဆောင်ထားသည့် အမျိုးသား ၄ ဦး ဝင်ရောက်လာပြီး ဆိုင်ပိုင်ရှင်၏ သမီးဖြစ်သူ အမျိုးသမီးငယ်ကို အဖြူရောင် Mark X ကားပေါ် တင်ဆောင် ပြန်ပေးဆွဲ ခေါ်ယူသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်ပေးဆွဲခံရမှုအား သက်ဆိုင်ရာတာဝန်ရှိသူများက CCTVမှတ်တမ်းများ ကြည့်ရှု့စစ်ဆေးခဲ့ပြီး တရားခံများဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။