ခြင်ဆေးခွေထွန်းရာမှ မီးလောင်မှုဖြစ်ပွားပြီး လသားအရွယ်ကလေးငယ်သေဆုံးပြီး

(မှုခင်း) ဇူလိုင် ၂

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ရပ်ကွက် ၊ချစ်ကြည်ကြည်ရေးလမ်း၊ဖားခြောက်အနီးတွင် တဲအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခြင်းကြောင့် သိရသည်။

ယနေ့ ဇူလိုင် ၁ ရက်ည နေ ၅ နာရီ ၁၅ မိနစ်ခန့်က မြဝတီမြို့ ချစ်ကြည်ရေး လမ်းတွင် နေအိမ်တစ်လုံးတွေင် ဆနွင်းမိုင်းခြင်ဆေးထွန်းထားသည့် ခွက်အနီး (၅)ဂါလုံပုံးရှိ ဓာတ်ဆီအား ဗူးထဲသို့ပြောင်းထည့်နေချိန် မီးဟက်ရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးလောင်မှုဖြစ်ပွားသည့်ရောသို့ မြဝတီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေတပ်ဖွဲ့ဝင်များဖြင့် မီးငြိမ်းသတ်ခဲ့ရာ ညနေ ၅နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားကြောင့် (၁၀×၁၀)ပေ ထရံကာ မြေစိုက် သွပ်မိုး ခြံစောင့်တဲတစ်လုံးနှင့် အသက်(၂)လအရွယ် ကလေးငယ် တစ်ဦးမှာ အခင်းဖြစ်နေရာတွင် မီးလောင်သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း ကလေးကိုကယ်ဆယ်ရာမှ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။အဆိုပါ မီးလောင်သေဆုံးသည့် ကလေးငယ်၏ရုပ်အလောင်းနှင့် မီးလောင်ဒဏ်ရာရရှိခဲ့သည့် ဖခင်ဖြစ်သူတို့အား Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က မြဝတီမြို့ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ဇွန်

ဇွန် ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်ကလည်း အဆိုပါရပ်ကွက်ရှိ နေအိမ်တစ် လုံးတွင်မီးလောင်မှုဖြစ်ပွားခဲ့ရာမှ ၁နှစ်အရွယ်နှင့် ၁၄နှစ်အရွယ်ကလေးငယ်တို့သေဆုံးခဲ့ပြီး အသက်(၇၅)နှစ်အရွယ်ရှိ အဘိုးအို ၁ဦး မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

#PAN