(မှုခင်း) ဇူလိုင် ၂
မော်လမြိုင်မြို့၊ တောင်ပေါ်တန်း View Point အောက်ဘက်ရှိ ချုံခိုအတွင်း၌ အသတ်ခံရသည့် တက္ကစီသမားတစ်ဦး၏ အလောင်းကို ယနေ့ဇူလိုင်၂ရက်နေ့တွင် တွေ့ရှိခဲ့သည်။သေဆုံးသူမှာ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ စာရေးကြီးကုန်းရပ်တွင် နေထိုင်သည့် အသက် (၄၅) နှစ်အရွယ် ဦးအောင်ဟိန်းဦး ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁ ရက်နေ့က ဦးအောင်ဟိန်းဦးသည် တက္ကစီမောင်းရန် အိမ်မှထွက်ခွာသွားပြီးနောက် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ ကြောင်းသိရသည်။
ဇူလိုင် ၂ ရက်နေ့တွင် လမ်းလုပ်သားတစ်ဦးက ဦးအောင်ဟိန်းဦး၏ ဖုန်းကို လမ်းဘေးတွင် တွေ့ရှိခဲ့ပြီး မိသားစုထံ ဆက်သွယ်ပေးခဲ့သည်။
ထို့နောက် မိသားစုဝင်များက အဆိုပါနေရာအနီးရှိ ချုံခိုအတွင်း ဝင်ရောက်ရှာဖွေရာ လည်ပင်း၌ ထိုးသွင်းဒဏ်ရာ (၃) ချက်ဖြင့် သေဆုံးနေသည့် အလောင်းကို တွေ့ရှိခဲ့သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က ဦးအောင်ဟိန်းဦးအား သေဆုံးသည်အထိ ဒဏ်ရာရစေခဲ့သူကို စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။
#PAN