(မှုခင်း)ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင်ကန်လမ်းမကြီးရှိ BOC ကားမှတ်တိုင်၏ အနောက်ဘက်ရှိ လက်ဆယ်ကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်ရပ်သည် ဇွန်လ ၁ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်ခန့်က ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ အသက် ၃၀ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး၊ ယခုအချိန်အထိ ၎င်း၏အမည်နှင့် နေရပ်လိပ်စာကို အတည်မပြုနိုင်သေးကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် Medical လူငယ်များ (ရန်ကုန်) လူမှုကူညီရေးအသင်းက ထုတ်ဖော်ပြောကြားခဲ့ ကြောင်းသိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PAN