
(နိုင်ငံတကာ) ဇူလိုင် ၂
အမေရိကန်နှင့် အီရန်အကြား တိုက်ရိုက်ဆွေးနွေးမှုများ ပြန် လည်စတင်ရန် ကြိုးပမ်းမှုအဖြစ် ကာတာဝန်ကြီးချုပ်သည် အမေရိကန်သံတမန် စတိဗ် ဝစ်ကော့ဖ်၊ သမ္မတထရမ့်၏ သမက်ဖြစ်သူ ဂျာရက် ကူးရှ်နာ တို့နှင့် ကာတာနိုင်ငံ ဒိုဟာမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်ဘက်က တိုက် ရိုက်ဆွေးနွေးမှုများ ရှိနေသည်ဟု ဆိုသော်လည်း အီရန်ဘက်ကမူ ယင်းကို ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။
နှစ်ဖက်နိုင်ငံအကြား ဇွန်လ ၁၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ (MoU) အရ အပစ်အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀ သက်တမ်းတိုးထားပြီး ဟော်မုဇ်ရေလက် ကြားအရေး၊ အီရန်၏ အေးခဲထားသော ရန်ပုံငွေများ၊ ပိတ်ဆို့မှု ဖြေလျှော့ရေးနှင့် နျူကလီးယားအစီအစဉ်များကို ဆွေးနွေးရန် သဘောတူထားကြခြင်းဖြစ်သည်။
သို့သော်လည်း ပြီးခဲ့သည့် နှစ်ပတ်အတွင်း ဟော်မုဇ်ရေလက် ကြား၌ သင်္ဘောများ ဖြတ်သန်းမှုအငြင်းပွားခြင်း၊ အမေရိကန်၏ ဗုံးကြဲမှု၊ ကူဝိတ်နှင့် ဘာရိန်းရှိ အမေရိကန်စစ်စိမ်းများကို အီရန်က တိုက်ခိုက်မှုနှင့် လက်ဘနွန်အရေးတို့ကြောင့် ဒေသတွင်း တင်းမာမှုအသစ်များ ထပ်မံမြင့်တက်လာခဲ့သည်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ် ကမူ ဆွေးနွေးပွဲ ရလဒ်မည် သို့ပင်ဖြစ်စေ အမေရိကန်သည် အီရန်ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်သော အနေအထားတွင် ရှိနေကြောင်း Fox News သို့ ပြောကြားခဲ့သည်။ ထို့ပြင် အီရန်၏ နျူကလီးယားနှင့် စစ်တပ်မှာ ဖျက်ဆီးခံထားရပြီးဖြစ်ကြောင်းနှင့် ရေကြောင်းလိုင်းကို တိုက်ခိုက်လာပါက စစ်ရေးအရ တုံ့ပြန်မည်ဟု ထရမ့်က သတိပေးထားကြောင်း ဆိုသည်။
သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် စစ်ပွဲပြန်စမည့် လမ်းကြောင်းထက် သံတမန်ရေးရာကို အခွင့် အရေးပေးရန် ပိုမိုလိုလားနေကြောင်း ဂျာနယ်အချို့က ဖော်ပြကြသည်။
အီရန်အစိုးရဘက်ကမူ ဒိုဟာတွင် အမေရိကန်နှင့် တိုက်ရိုက်ဆွေးနွေးနေခြင်းမရှိဘဲ ကြားဝင်စေ့စပ်ပေးသည့် ကာတာအရာရှိများနှင့်သာ သွယ်ဝိုက်ဆွေးနွေးခြင်းဖြစ်ကြောင်း ငြင်းဆိုထား သည်။ အီရန်သမ္မတ မာဆု ပီဇက်ရှကီယန် က ပထမဆုံး ခြေ လှမ်းအဖြစ် အမေရိကန်က အေးခဲထားသည့် အီရန်ပိုင်ရန်ပုံငွေ ဒေါ်လာ ၆ ဘီလီယံကို ပြန်လွှတ်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပြီး၊ အင်္ဂါနေ့တွင်လည်း အီရန်ညှိနှိုင်းရေးမှူးများ ဒိုဟာသို့ သွားရောက်ခဲ့သည်။
အီရန်၏ ယခုကဲ့သို့ တိုက်ရိုက်ဆွေးနွေးမှုကို ငြင်းဆိုပြီး နည်းပညာဆိုင်ရာ ဆွေးနွေးမှုကိုသာ ဝန်ခံနေသည့် အခြေအနေအပေါ် အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ် က “ဒါဟာ ကျွန်တော်နားမလည်တဲ့ ပါရှန်းတို့ရဲ့ ညှိနှိုင်းရေးနည်းဗျူ ဟာနဲ့ စကားအလှည့်အပတ်တစ်ခုပဲ ဖြစ်ပါတယ်” ဟု ခနဲ့ တဲ့တဲ့ မှတ်ချက်ပြုခဲ့သည်။
ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ အီရန်ခေါင်းဆောင်ပိုင်းအတွင်း MoU အပေါ် လက်တွေ့လုပ်ဆောင် ချက် မတွေ့ရသေးသဖြင့် သံသယများ ရှိနေပြီး ပြည်တွင်းနိုင်ငံရေးအရ ဝေဖန်ခံရမည်ကို စိုးရိမ်သဖြင့် တိုက်ရိုက်ဆွေးနွေးပွဲကို လူသိ ရှင်ကြား ဝန်ခံရန် ဝန်လေးနေခြင်း ဖြစ်နိုင်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN