(ပြည်တွင်း) ဇူလိုင် ၁
ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားပြင်ရွာမှာ KIA ကချင်အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ မြို့နယ်မှူးတစ်ဦးဖြစ်တဲ့ ဆိုင်းအောင်နန်းဆိုသူမှာ ဓားနဲ့ ခုတ်သတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဆိုပါ မြို့နယ်မှူးကို သတ်ဖြတ်ခဲ့သူမှာ မြို့နယ်မှူးရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ KIA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က တပ်သား မုန်ဂျတ်အောင်ဖြစ်တယ်လို့ သိရတာဖြစ်ပါတယ်။
မုန်ဂျတ်အောင်ဟာ မြို့နယ်မှူးဆိုသူ အိပ်နေစဉ် ဓားနဲ့ အနီးကပ်သတ်ဖြတ်ခဲ့ပြီးနောက် သိန်း ၅၀၀ နဲ့အတူ ကားတစ်စီးကိုပါ ယူဆောင်သွားခဲ့ကာ ဖားပြင်သင်္ချိုင်းအောက်ဘက်က ရေအိုင်ထဲမှာ မြို့နယ်မှူးရဲ့ ရုပ်အလောင်းကို ပစ်ချထားခဲ့တယ်လို့ ကချင်ဘက်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။
အဲဒီနောက် ဆိပ်မူမှတဆင့် မမုံဘက်ကို သွားရောက်ခဲ့ပြီး ကိုမင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ထံ ဝင်ရောက် ခိုလှုသွားခဲ့တယ်လို့ အတည်ပြုဖို့ခက်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပေမယ့် မုန်ဂျတ်အောင်မှာ သူ ငှားရမ်းနေထိုင်ရာ နေအိမ်မှာပင် ကြိုးဆွဲချ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ သိရတာဖြစ်ပါတယ်။
သူသေဆုံးစဉ်မှာ ယူဆောင်လာခဲ့တဲ့ ပိုက်ဆံ တချို့တဝက်ကိုသာ ပြန်တွေ့ရပြီး မသေခင်မှာ လောင်းကစားဝိုင်းတစ်ခုမှာ အလောင်းအစားပြုလုပ်ခဲ့တာကြောင့် သိန်း ၁၀၀ ကျော် ရှုံးထားခဲ့တာလည်း ရှိတယ်လို့လည်း ကချင်ပြည်နယ်ကလာတဲ့ သတင်းတွေအရ သိရတာဖြစ်ပါတယ်။

#PAN