အင်းစိန်အကျဉ်းထောင်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ရာနှုန်းပြည့်အောင်မြင်

(ပညာရေး) ဇွန် ၂၈

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းစိန်အကျဉ်းထောင်မှ ဖြေဆိုသူများ ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်း သိရသည်။

အင်းစိန်အကျဉ်းထောင်၌ အကျဉ်းသားနှင့် အကျဉ်းသူ စုစုပေါင်း ၃၆ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၃၆ ဦးစလုံး အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်မြင်သူများအနက် ၃ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၅ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၉ ဦး ပါဝင်ကြောင်း သိရသည်။

ယင်းအောင်မြင်မှုသည် အကျဉ်းထောင်အတွင်း ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် အကျဉ်းသား၊ အကျဉ်းသူများ၏ ပညာဆက်လက်သင်ယူလိုစိတ်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း ပညာရေးဝန်ထမ်းများက သုံးသပ်ပြောကြားသည်။

ထို့ပြင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်သူ (၁) သိန်း (၃) သောင်းကျော်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။