
(ပညာရေး) ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနရှစ်ခု၌ ကျင်းပခဲ့ရာ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂,၃၂၇ ဦးရှိခဲ့ပြီး အောင်မြင်သူ ၁,၃၈၅ ဦး ထွက်ပေါ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်မြင်မှုရာခိုင်နှုန်းအနေဖြင့် ၅၉ ဒသမ ၅၂ ရာခိုင်နှုန်းရှိပြီး အောင်မြင်သူများအနက် ငါးဘာသာဂုဏ်ထူးရှင် ၅ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၂၀ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၄၂ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၆၀ ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၁၈၅ ဦး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များတွင် ဖြေဆိုသူ ၇၇ ဦးရှိခဲ့ပြီး အောင်မြင်သူ ၄၆ ဦးရှိသဖြင့် အောင်မြင်မှုရာခိုင်နှုန်း ၅၉ ဒသမ ၇၄ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဘာသာရပ်များတွင် အောင်မြင်သူများအနက် ခြောက်ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၃ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၁ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၆ ဦး ထွက်ပေါ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။