မြောက်ကိုရီးယားက တောင်ဘက်နယ်စပ်တစ်လျှောက် ဖျက်အားပြင်းလက်နက်များ စမ်းသပ်၊ တောင်ကိုရီးယားက ‘ဒရုန်းစစ်သည်တော်’ ၅ သိန်းဖြင့် တုံ့ပြန်ရန် စစ်ပြင်

(နိုင်ငံတကာ) ဇွန် ၂၆      

     ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှုများ ရှိနေစဉ်အတွင်း မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားတစ်နိုင်ငံလုံးကို ဗဟိုပြုတိုက်ခိုက်နိုင်သည့် ဖျက်အားပြင်း အဓိကလက်နက်ဆန်းများကို စမ်းသပ်ခဲ့ပြီး၊ တောင်ကိုရီးယားဘက်ကလည်း အင်အား ၅ သိန်းရှိမည့် “ဒရုန်းစစ်သည်တော်” တပ်မတော်တစ် ရပ်ကို တည်ဆောက်ပြီး တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။                           

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း(Kim Jong Un) ကိုယ်တိုင် ကြီးကြပ်ခဲ့သည့် ယခုလက်နက်စမ်းသပ်မှုတွင် ရန်သူ့လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို သေကြေပျက်စီးစေနိုင်သော “အထူးတာဝန်လုပ်ငန်းသုံး” ဘဲလစ်စတစ်ဒုံးပျံထိပ်ဖူး၊ ပစ်ခတ်မှုအကွာအဝေးတိုးမြှင့်ထားသည့် အဆင့်မြှင့်ဒုံးပစ်လောင်ချာနှင့် ကိုယ်တိုင်မောင်းအမြောက်များ ပါဝင်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဆိုသည်။                               

     ခေါင်းဆောင်ကင်ဂျုံအန်းက “ရန်သူတွေအနေနဲ့ အမြဲ တမ်း စိတ်မသက်မသာဖြစ်မှုနဲ့ ကြောက်ရွံ့မှုကို ခံစားနေရစေဖို့” ပြင်း ထန်သော ထိုးစ်စတင်မှုအနေအထားကို ကျင့်သုံးရန် စစ်တပ်ကို အမိန့်ပေးခဲ့ပြီး၊ မိမိတို့၏ ရေတပ်ကိုလည်း နျူကလီးယားလက် နက်များနှင့် စစ်သင်္ဘောကြီးများ မကြာမီ တပ်ဆင်ပေးတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။      

   မြောက်ကိုရီးယား၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တောင်ကိုရီးယားအစိုးရသည် စိုးရိမ်ပူပန်မှုများရှိနေပြီး အမေရိကန်ထံမှ ကူညီမှုများကို မျှော်လင့်နေဆဲဖြစ်သည်။ တောင်ကိုရီးယား ကာ ကွယ်ရေးဝန်ကြီး အန်ဂျူဘတ် (Ahn Gyu-back) က မြောက်ကိုရီးယားသည် ရုရှားနိုင်ငံထံမှ နည်းပညာအကူအညီများ ရယူကာ စစ်ရေးတိုးမြှင့်နေသဖြင့် မိမိတို့ဘက်ကလည်း ဒရုန်းများကို ကိုယ်ပိုင်လက်နက်သဖွယ် ကျွမ်းကျင်စွာကိုင်တွယ်နိုင်မည့် “ဒရုန်းစစ် သည်တော်” ၅၀၀,၀၀၀ (၅ သိန်း)ကို အရေးတကြီး လေ့ ကျင့်ပေးသွားမည်ဟု သောကြာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

     တစ်ချိန်တည်းမှာပင် တောင်ကိုရီးယားသမ္မတ လီဂျေမြောင် (Lee Jae Myung) ကလည်း ကာကွယ်ရေးကဏ္ဍ အဆင့်မြှင့်တင်ရန်အတွက် ၂၀၃၀ ပြည့်နှစ်တွင် ဒေါ်လာ ၆၅၀ သန်း တန်ကြေးရှိသော စစ်ဘက်ဆိုင်ရာနည်းပညာကုမ္ပဏီ ၅ ခုကို တည် ထောင်သွားမည့် ရေရှည်စီမံကိန်းကိုပါ ထည့်သွင်းကြေညာခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN