အမေရိကန်-အီရန် စစ်ပွဲရပ်စဲရေး သဘောတူညီချက်အပေါ် ပင်လယ်ကွေ့မဟာမိတ်များ ၏ စိုးရိမ်မှုကို လိုက်လံဖြေရှင်းရန် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ရူဘီယို ဒေသတွင်းခရီးစဉ် စတင်          

(နိုင်ငံတကာ) ဇွန် ၂၅    

      ရက်ပေါင်း ၁၀၀ ကျော် ကြာမြင့်ခဲ့သည့် အမေရိကန်-အီရန် စစ်ပွဲကို အဆုံးသတ်ရန် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခဲ့ပြီးနောက်၊ စစ်ပွဲအတွင်း အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်း အထန် ခံခဲ့ရသည့် ပင်လယ်ကွေ့မဟာမိတ်နိုင်ငံများ၏ လုံခြုံရေးကို အမေရိကန်က ဆက်လက်အာမခံကြောင်း ပြသရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သည် ပင်လယ်ကွေ့ဒေသသို့ ရောက်ရှိနေပြီ ဖြစ်သည်။                     

    အမေရိကန်နှင့် အစ္စရေးတို့က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်ပွဲစတင်ခဲ့ပြီး အီရန်အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီကို လုပ်ကြံခဲ့ပြီးနောက်၊ တီဟီရန်ဘက်က ပြန်လည်တုံ့ပြန်သည့်အနေဖြင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ခြောက်နိုင်ငံလုံးကို ဒရုန်းနှင့် ဒုံးကျည်များဖြင့် အပြင်း အထန် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသတွင်း စွမ်းအင်နှင့် ကုန် သွယ်ရေးကဏ္ဍတွင် ဒေါ်လာဘီလီယံနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရသည်။        

   ခရီးစဉ်အတွင်း ဝန်ကြီးရူဘီယိုသည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သမ္မတ ရှိတ် မိုဟာမက် ဘင် ဇာယစ် အယ်လ် နဟ်ယန် အပါအဝင် အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံကာ အီရန်နှင့်ချုပ်ဆိုခဲ့သည့် သဘောတူညီချက်အသေးစိတ်၊ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ဘေးကင်းလုံခြုံရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးတို့ကို ဆွေးနွေးခဲ့သည်။

    UAE တစ်နိုင်ငံတည်းပင် စစ်ပွဲအတွင်း ဒရုန်းနှင့် ဒုံးကျည်အစင်းရေ ၂,၈၀၀ ခန့်ဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ကူဝိတ်နှင့် ကာတာနိုင်ငံတို့၏ အဓိကဆိပ်ကမ်းများနှင့် သဘာဝဓာတ်ငွေ့ အဆောက် အအုံများ ကြီးမားစွာ ပျက်စီးခဲ့ရသဖြင့် ပင်လယ်ကွေ့နိုင်ငံများက စိုးရိမ်ပူပန်နေကြခြင်း ဖြစ် သည်။

     ဝန်ကြီးရူဘီယိုက ၎င်းတို့အနေဖြင့် မဟာမိတ်များ၏ အမြင်နှင့် လုံခြုံရေးကို ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး ညှိနှိုင်းမှုတိုင်းတွင် ထရမ့်အစိုးရအဖွဲ့သည် ပင်လယ်ကွေ့မဟာမိတ်များနှင့် “တစ်စိတ်တစ်ဝမ်းတည်း” ရှိနေမည်ဖြစ်ကြောင်း ကူဝိတ်စီးတီး သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

     သို့သော်လည်း ယခုအပတ်အတွင်း US နှင့် အီရန်တို့ ရေးထိုးခဲ့သည့် ရက်ပေါင်း ၆၀ ကြာ ဆက်လက်ဆွေးနွေးမည့် စစ်ရပ်စဲရေး MOU တွင် အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ကင်းလွတ် ခွင့်ပေးရန်နှင့် ဆိုင်းငံ့ပိုင်ဆိုင်မှုများ ပြန်လည်ထုတ်ပေးရန် ပါဝင်နေသော်လည်း၊ ပင်လယ်ကွေ့နိုင်ငံများ အဓိက စိုးရိမ်နေသည့် အီရန်၏ ဘာလစ်စတစ်ဒုံးကျည်များအရေးနှင့် ဒေသတွင်း လက် နက်ကိုင်မဟာမိတ်များအရေးကို ထည့်သွင်းဖြေရှင်းထားခြင်း မရှိပေ။

     ထို့ပြင် အချက်အချာကျသော ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘောများထံမှ အီရန်က အခကြေးငွေကောက် ခံမည့်အရေးနှင့် ပတ်သက်၍ သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ Truth Social စာမျက်နှာတွင် မည်သည့်ဖြတ်သန်းခမျှ ကောက် ခံခွင့်မပြုနိုင်ကြောင်း ပြတ်သားစွာ သတိပေးထားပြီး၊ ဝန်ကြီးရူဘီယိုကလည်း အီရန်အနေဖြင့် ရေလက်ကြားအတွက် အခကြေး ငွေ ကောက်ခံ၍မရကြောင်း ထပ်လောင်းအတည်ပြုကာ ကြာသ ပတေးနေ့တွင် ဘာရိန်းနိုင်ငံ၌ GCC အဖွဲ့ဝင်များနှင့် ဆက်လက်တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။           

Telegram»…
https://t.me/positiveanglenews

#PAN