ဆွစ်ဇာလန်တွင် အီရန်-အမေရိကန် အဆင့်မြင့်ဆွေးနွေးပွဲများ စတင်၊ MoU အပေါ် အဓိပတိခေါင်းဆောင် ခါမေနီ၏ သဘောထားကြောင့် တီဟီရန်တွင် သဘော ထားကွဲလွဲမှုများရှိခဲ့

(နိုင်ငံတကာ) ဇွန် ၂၂                                  

     အမေရိကန်နှင့် အစ္စရေးတို့ ပူးတွဲစတင်ခဲ့သည့် စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်၍ လက်မှတ်ရေးထိုးထားသော နား လည်မှုစာချွန်လွှာ (MoU) ကို ရှေ့ဆက်အကောင် အထည်ဖော်ရန် အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ အဆင့်မြင့်အရာရှိကြီးများသည် ဆွစ်ဇာလန်နိုင်ငံတွင် ပထမဆုံးနေ့ ဆွေးနွေးပွဲများကို ရုပ်သိမ်းခဲ့ပြီး ဖြစ်သည်။

   ပါကစ္စတန်နှင့် ကာတာနိုင်ငံတို့က ကြားဝင်စေ့စပ်ပေးသည့် ဤအဆင့်မြင့်ဆွေးနွေးပွဲတွင် အီရန်ဘက်မှ ပါလီမန်ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာဂါ ဂါလီဘတ် နှင့် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ တို့က ဦးဆောင်ခဲ့ပြီး၊ အမေရိကန်ဘက်မှ ဒုသမ္မတ ဂျေဒီဗန့်စ် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။                          

     ဆွေးနွေးပွဲ ပထမနေ့တွင် လက်ဘနွန်အရေး၊ ဟော်မုဇ်ရေ လက်ကြားအရေးတို့အပြင် အီရန်၏ ထိန်းချုပ်ခံပိုင်ဆိုင်မှုများ ပြန်လည်လွှတ်ပေးရေးနှင့် ရေနံပိတ်ဆို့မှု ယာယီဖြေလျှော့ရေး ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟစ်ဇ်ဘိုလာအဖွဲ့အား အီရန်က ထောက်ပံ့နေမှုအပေါ် စစ်ရေးအရ တိုက် ခိုက်မည်ဟု ခြိမ်း ခြောက်ခဲ့ အီရန်ထိပ်တန်းညှိနှိုင်းရေးမှူး ဂါလီဘတ်က အမေရိကန်အနေဖြင့် ပြောဆိုမှုများတွင် သတိထားရန် ပြန်လည်သတိ ပေးခဲ့သည်။         

​    တစ်ချိန်တည်းမှာပင် တီဟီရန်မြို့တော်၌ ယခု MoU သဘော တူညီချက်အပေါ် အစွန်းရောက်အုပ်စုများနှင့် အစိုး ရအကြား အပြင်းအထန် အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိသည်။ အဓိပတိခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီက “မိမိအနေဖြင့် မူအား ဖြင့် ကွဲပြားသောအမြင်ရှိခဲ့သော် လည်း” သမ္မတ မာဆု ပီဇက်ရှ်ကီယန်က တာဝန်ယူခဲ့သည့် အတွက် အတည်ပြုပေးခဲ့ခြင်းဖြစ် ကြောင်း ကြေညာခဲ့ သည်။

     အစွန်းရောက်လွှတ်တော်အမတ် မာမုဒ် နာဘာဗီယန်က ခါမေနီသည် ဟော်မုဇ်ရေလက်ကြားအတွက် အီရန်၏ သီးသန့်စီမံခန့်ခွဲခွင့်နှင့် စစ်လျော်ကြေးများ မရရှိဘဲ အပစ်အခတ်ရပ်စဲရေးကို သဘောမတူလိုကြောင်း နိုင်ငံပိုင်ရုပ်သံ (IRINN)တွင် ထုတ်​ဖော်ပြောကြားခဲ့အပြီး ရုပ်သံညွှန်ကြားရေးမှူးချုပ်ရာထူးမှ နုတ်ထွက်သွားခဲ့ရသည်။ ထို့ပြင် အမျိုးသားလုံခြုံရေးကောင်စီတွင်လည်း အစွန်းရောက် သမ္မတလောင်းဟောင်း ဆာအိဒ် ဂျာလီလီ တစ်ဦးတည်းသာ ဤ MoU ကို ကန့်ကွက်မဲပေးခဲ့ကြောင်း သိရသည်။

     လက်ရှိတွင် အစ္စရေးက လက်ဘနွန်အပေါ် ဆက်လက်တိုက် ခိုက်နေပြီး အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဇ်က ၎င်းတို့တပ်ဖွဲ့များ လက်ဘနွန်တောင်ပိုင်းတွင် ဆက်ရှိနေမည်ဟု ဆိုခြင်းကြောင့်၊ အီရန်စစ်ဘက်က ဟော်မုဇ်ရေလက်ကြားကို ပြန် လည်ပိတ်ဆို့ကြောင်း ကြေညာခဲ့သော် လည်း အမေရိကန်စစ် တပ်ကမူ ရေလမ်းကြောင်း ပွင့်လင်းနေဆဲဖြစ်ကြောင်း တုံ့ပြန် သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆွတ်ဇာလန်ဆွေးနွေးပွဲတွင် လက်ဘနွန်၌ အပစ်ရပ်ရေးကို အကောင်အထည်ဖော်ရန် အဓိကဦးစားပေးမည်ဟု အလေးပေးပြောကြားထားသည်။                

     သို့သော်လည်း တီဟီရန်မြေပြင်တွင် အစွန်းရောက်အုပ်စုများသည် နိုင်ငံပိုင်မီဒီယာများကို လက်နက်သဖွယ်အသုံးချကာ ဆွေးနွေးပွဲကို ပိတ်ဆို့ရန် ကြိုးပမ်းနေသည့်အပြင်၊ လမ်းမများပေါ်တွင် အစိုးရဆန့်ကျင်ရေး ညပိုင်းချီတက်ပွဲများကို သေနတ်ကိုင်ယာဉ်တန်းများဖြင့် ပြုလုပ်နေကြသဖြင့် သံတမန်ရေးရာကို အဟန့်အတားဖြစ်စေသည်ဟု သမ္မတရုံးက ဝေဖန်ရှုတ်ချထား သည်။                

Telegram»…
https://t.me/positiveanglenews

#PAN