အိန္ဒိယတွင် မေးခွန်းပေါက်ကြားမှုကြောင့် လူငယ်ထုဒေါသပေါက်ကွဲ၊ ပညာရေးဝန်ကြီး နုတ်ထွက်ရန် ဂျန်ဇီတို့၏ ‘ပိုးဟပ်လှုပ်ရှားမှု’ မြို့တော်တွင် အိပ်စက်ဆန္ဒပြ

(နိုင်ငံတကာ) ဇွန် ၂၂

     ​​အိန္ဒိယနိုင်ငံ၏ ဆေးတက္ကသိုလ်ဝင်ခွင့်အပါအဝင် အဆင့်မြင့်စာမေးပွဲ မေးခွန်းလွှာများ အကြိမ်ကြိမ် ပေါက်ကြားမှုအပေါ် လူငယ်ထုအတွင်း စိတ်ပျက်ဒေါသထွက်မှုများ အရှိန်မြင့်လာပြီးနောက် အွန်လိုင်းအင်အားစုကြီးအဖြစ် ပြောင်းလဲလာသည့် ဂျန်ဇီ (Gen Z) လူငယ်များ၏ ‘ပိုးဟပ်ပြည်သူ့ပါတီ’ (Cockroach Janta Party – CJP) သည် ဖက်ဒရယ်ပညာရေးဝန်ကြီး ဓါးမန္ဒရာ ပရာဒန် (Dharmendra Pradhan) နုတ်ထွက်ပေးရန် တောင်းဆိုလျက် မြို့တော်နယူးဒေလီရှိ လမ်းမများပေါ်တွင် အိပ် စက်ကာ အပြင်းအထန် စခန်းချဆန္ဒပြနေကြသည်။

     ဇွန်လ၏ ပြင်းထန်လှသော နွေရာသီအပူရှိန်အောက်တွင် ရဲ တပ်ဖွဲ့ဝင်အမြောက်အမြား ချထားပြီး တားမြစ်မိန့်များ ထုတ်ပြန်ထားသည့်ကြားမှ ဆန္ဒပြလူငယ်ဒါဇင်ပေါင်းများစွာသည် မြို့တော် ၏ ဂျန်တာမန်တာ (Jantar Mantar) ဆန္ဒပြကွင်းပြင်ရှိ လမ်းမများနှင့် လူသွားစင်္ကြံများပေါ်တွင် ညအိပ်စခန်းချခဲ့ကြပြီး၊ ဒုတိယမြောက်နေ့တွင် ဆန္ဒပြအင်အား ပိုမိုပူးပေါင်းလာခဲ့သည်။

     အမေရိကန် ဘော့စတွန်တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ယခုလှုပ်ရှား မှုကို ဦးဆောင်သူ အာဘီဂျိ ဒစ်ပ်ကေး (Abhijeet Dipke) သည် အွန်လိုင်းလှုပ်ရှားမှုကို လမ်းပေါ်ထွက် ဆန္ဒပြပွဲအဖြစ် ပြောင်းလဲရန် ယခုလတွင် အိန္ဒိယသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

     ယခုနှစ် မေလအတွင်းက အိန္ဒိယတရားသူကြီးချုပ်၏ လူငယ်များကို ‘ပိုးဟပ်’ များနှင့် နှိုင်းယှဉ်ခဲ့သည့် မှတ်ချက်အပေါ် မကျေ နပ်ရာမှ ဒစ်ပ်ကေးက “ပိုးဟပ်တွေအားလုံး ပေါင်းစည်းရင် ဘာဖြစ်မလဲ” ဟု X လူမှုကွန်ရက်တွင် ရေး သားရာမှ စတင်ခဲ့ကာ၊ လက်ရှိတွင် ၎င်းတို့၏ အင်စတာဂရမ်စာမျက်နှာမှာ ဖော်လိုဝါ ၂၂ သန်း (အာဏာရပါတီထက် နှစ်ဆ) အထိ ရှိလာခဲ့သည်။

     အိန္ဒိယလူဦးရေ ၁.၄ ဘီလီယံ၏ ထက်ဝက်နီးပါးမှာ အသက် ၂၅ နှစ်အောက် လူငယ်များဖြစ်ကြပြီး ၎င်းတို့ သည် ပြင်းထန်သော စာမေးပွဲဖိအားနှင့် အလုပ်အကိုင်ရှား ပါးမှုဒဏ်ကို ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ထိပ်တန်းဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးမှာ မေးခွန်းပေါက်ကြားမှုကြောင့် ဖျက်သိမ်းခံခဲ့ရပြီး၊ အစိုးရက တယ်လီဂရမ် (Telegram) အက်ပ်ကို ယာယီပိတ်ပင်ကာ ဖြေရှင်းရန် ကြိုးပမ်းသော်လည်းကျောင်းသားများအကြား စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်ပေါ်ကာ နိုင်ငံတစ်ဝန်း ကျောင်းသားတစ်ဒါဇင်ကျော် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုများအထိ ဖြစ်ပွားခဲ့သည်။

      တနင်္ဂနွေနေ့က ကျောင်းသား ၁.၇ သန်းခန့် စာမေးပွဲ ပြန် လည်ဖြေဆိုခဲ့ရသော်လည်း အချို့ကျောင်းသားများမှာ စာမေးပွဲစနစ်အပေါ် ယုံကြည်မှုကုန်ဆုံးကာ စာမေးပွဲမဖြေဘဲ ဆန္ဒပြပွဲတွင်သာ ဆက်လက်ပါဝင်နေခဲ့ကြသည်။ ရဲ တပ်ဖွဲ့က ဆန္ဒပြသူ များကို လူစုကွဲစေရန် ရေနှင့် အစားအစာရရှိမှုများကို ဖြတ်တောက်ခြင်း အပါအဝင် ဖိအားပေးနည်းလမ်းမျိုးစုံ အသုံးပြုနေသော်လည်း၊ လူငယ်များသည် သန်းခေါင်ကျော်အချိန်အထိ လမ်းမပေါ်တွင် နိုင်ငံရေးဆွေး နွေးခြင်း၊ ဟစ်ဟော့ပ်သီချင်းများနှင့် ကခုန်ခြင်းတို့ဖြင့် ကြံ့ကြံ့ခံနေကြသည်။

     အကယ်၍ လူငယ်များတောင်းဆိုသကဲ့သို့ ပညာရေးဝန်ကြီးသာ အမှန်တကယ် နုတ်ထွက်ပေးခဲ့ရလျှင် ၎င်းသည် ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ၏ ၁၂ နှစ်တာ အုပ်ချုပ်မှုသက် တမ်းအတွင်း ပထမဆုံးအကြိမ် ဖြစ်လာမည် ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူ ဒစ်ပ်ကေးကမူ အစိုးရအနေဖြင့် ၎င်းတို့ကို စိတ်ပျက်လက်ပျက်ဖြစ်အောင် လုပ်နိုင်မည်မဟုတ်ကြောင်းနှင့် ဝန်ကြီးနုတ်ထွက် သည်အထိ လုံးဝဖယ်ခွာမည်မဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

#PAN