
(နိုင်ငံတကာ) ဇွန် ၁၃
အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့ ဖြစ်ပွားနေသော အီရန်စစ်ပွဲအတွင်း ပင်လယ်ကွေ့အာရပ်နိုင်ငံဖြစ်သော ယူအေအီးအပေါ် အီရန်၏ ဒရုန်းနှင့် ဒုံးကျည်တိုက် ခိုက်မှုများ သီတင်းပတ်ပေါင်းများစွာ ရှိခဲ့ပြီးနောက်၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)သည် အီရန်အတွက် အေးခဲထားသည့် ဒေါ်လာဘီလီယံပေါင်းများစွာကို ပြန်လည်လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်း ရိုက်တာ (Reuters) သတင်းဌာနက သတင်းရင်းမြစ်များကို ကိုးကား၍ သီးသန့်ဖော်ပြခဲ့သည်။
ယခုနည်းဗျူဟာမြောက် အပြောင်းအလဲသည် စစ်ပွဲကိုအဆုံး သတ်ရန် ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ပြုလုပ်နေသော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ၏ နောက်ဆုံးအဆင့်နှင့် တိုက် ဆိုင်နေခြင်း ဖြစ်သည်။
သတင်းရင်းမြစ်များ၏ အဆိုအရ ယူအေအီးသည် စုစုပေါင်း ရန်ပုံငွေ ဒေါ်လာ ၁၀ ဘီလီယံမှ ၂၀ ဘီလီယံအထိ လွှတ်ပေးရန် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ယင်းအနက် ပထမအသုတ်ဖြစ်သော ဒေါ်လာ ၃ ဘီလီယံကျော်ကို လွှဲ ပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။
ယခုလုပ်ဆောင်ချက်သည် ယူအေအီးအပေါ် အီရန်၏ တိုက် ခိုက်မှုများကို ရပ်တန့်ရန် အလဲအလှယ်ပြုလုပ်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ထောက်လှမ်းရေးသတင်းမျှဝေခြင်းနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်စတင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
သို့သော်လည်း သတင်းထွက်ပေါ်လာပြီးနောက် ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါသတင်းများမှာ အထောက် အထားမရှိကြောင်းနှင့် အေးခဲရန်ပုံငွေများ လွှတ်ပေးခြင်း လုံးဝမရှိကြောင်း ချက်ချင်း တရားဝင်ငြင်းဆိုခဲ့သည်။
တစ်ဖက်တွင်လည်း အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance)က ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်အရ အေးခဲရန်ပုံငွေများကို အီရန်ထံ ချက်ချင်းလွှတ်ပေးမည်မဟုတ်ဘဲ အီရန်ဘက်က ၎င်း၏တာဝန်ဝတ္တရားများကို ကျေပွန်မှသာ စီးပွား ရေးအကျိုးခံစားခွင့်များ စီးဆင်းမည်ဖြစ်ကြောင်း ပြောကြားထားသည်။
ပညာရှင်များ၏ သုံးသပ်ချက်အရ ယခုလျှို့ဝှက်အစီအမံသည် အမေရိကန်နှင့် အီရန်တို့အကြား နှစ်ဖက်စလုံး၏ “အနီရောင် မျဥ်း (Red line)” ကို မကျော်လွန်စေဘဲ စစ်ပွဲကို အဆုံးသတ်နိုင်မည့် ထွက်ပေါက်တစ်ခုဖြစ်ပြီး အီရန်အနေ ဖြင့် စစ်ပွဲလျော်ကြေးရသည်ဟု ကြွေးကြော်နိုင်သလို၊ ဝါရှင်တန်အနေဖြင့်လည်း မိမိတို့တစ်ပြားမှ မပေးရဟု ဆိုနိုင်ကြောင်းနှင့် အဘူဒါဘီအနေဖြင့်မူ ၎င်း၏ ကိုယ်ပိုင်လုံခြုံ ရေးနှင့် ဒူဘိုင်း၏ ကမ္ဘာ့စီးပွားရေးဗဟို ချက် အဆင့်အတန်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဗျူဟာမြောက် သုံးသပ်ထားကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN