ရွှေညောင်ရှိ တည်းခိုခန်းတစ်ခု ပိုင်ရှင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

(မှုခင်း) ဇွန် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ တည်းခိုခန်း ပိုင်ရှင် ဖြစ်သူထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၂ ရက် မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က ရွှေ‌ညောင်မြို့၊ သုခချမ်းသာ (၂) ရပ်ကွက်၊ နယ်မြေ (၂) ရှိ တည်းခိုခန်း တစ်ခုအား တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ တည်းခိုခန်း ပိုင်ရှင်ဖြစ်သူ အောင်အောင်လွင် (ခ) အောင်လွင် (ခ) လုံးလုံး ဝတ်ဆင်ထားသည့် အင်္ကျီအတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွမူးယစ်ဆေးပြား ၂၀၀ ပြားစီပါ အထုပ် ၄ ထုပ်၊ စုစုပေါင်း ဆေးပြား ၈၀၀ ပြားနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများအား ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိသူအောင်အောင်လွင် (ခ) အောင်လွင် (ခ) လုံးလုံး အား ရွှေညောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN