
(နိုင်ငံတကာ) ဇွန် ၁၃
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံ (Assam) ပြည် နယ်တွင် အိန္ဒိယလေတပ်ပိုင် သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါလာသည့် လေတပ်ဖွဲ့ဝင် ငါးဦးစလုံး သေဆုံးသွားခဲ့ကြောင်း လေတပ်တာဝန်ရှိသူများက ယနေ့ (စနေနေ့) တွင် အတည်ပြုထုတ်ပြန်လိုက်သည်။
အိန္ဒိယလေတပ်၏ ထုတ်ပြန်ချက်အရ ပျက်ကျသွားသည့် လေယာဉ်မှာ ရုရှားနိုင်ငံထုတ် အန်တိုနော့ဗ် အေအန် -၃၂ (Antonov An-32) အမျိုးအစား အင်ဂျင်နှစ်လုံးတပ် သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ပြီး၊ အာသံပြည်နယ် ဂျောဟတ် (Jorhat) ဒေသတွင် ပုံမှန်ပျံသန်းမှုလုပ်ငန်း (Routine Sortie) ဆောင်ရွက်နေစဉ်အတွင်း ယခုကဲ့သို့ မတော်တဆမှုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
အိန္ဒိယသတင်းဌာနတစ်ခုဖြစ်သည့် NDTV ၏ ရုပ်သံမှတ် တမ်းများတွင် လေယာဉ်ပျက်ကျရာနေရာ၌ အနက်ရောင်မီးခိုးလုံးကြီးများ အလိပ်လိုက်တက်နေပြီး၊ လေယာဉ်တစ်စင်းလုံး အပိုင်းပိုင်းပြတ်လျက် ပြင်းထန်စွာပျက်စီးနေ သည်ကို ပြသခဲ့သည်။
လက်ရှိအချိန်တွင် လေတပ်အာဏာပိုင်များသည် လေ ယာဉ်ပျက်ကျရာ ပတ်ဝန်းကျင်နယ်မြေကို ထိန်းချုပ်စီမံခန့်ခွဲခြင်းနှင့် ကနဦးစုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေပြီး၊ မတော်တဆမှုဖြစ်ပွားရသည့် တိကျသောအကြောင်း ရင်းကို ဖော်ထုတ်ရန်အတွက် စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ဖွဲ့စည်းကာ လုပ်ငန်းစဉ်များ စတင်နေပြီဖြစ်ကြောင်း သိရသည်။
အိန္ဒိယလေတပ်သည် နိုင်ငံတစ်ဝန်း လူအင်အားနှင့် စစ်ဘက်ဆိုင်ရာကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်အတွက် အဆိုပါ An-32 အမျိုးအစား တာဘိုပရော့ပ်လေယာဉ် စုစု ပေါင်း ၁၀၅ စီးခန့်ရှိသော လေယာဉ်အုပ်စုကြီးကို အဓိကအားထား အသုံးပြုနေခြင်းဖြစ်သည်။
ယခုအမျိုးအစား လေယာဉ်နှင့်ပတ်သက်၍ နောက်ဆုံးဖြစ် ပွားခဲ့သည့် အကြီးစားလေယာဉ်ပျက်ကျမှုမှာ ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံနယ်စပ်အနီး အာရုနာချာပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ထိုစဉ်က လေ ယာဉ်ပေါ်ပါ ၁၃ ဦးစလုံး သေဆုံးခဲ့ဖူး သည်။
Telegram»…
https://t.me/positiveanglenews
#PAN