မန္တလေး-ပြင်ဦးလွင်လမ်းတွင် သံကျောက်တင်တွဲကား ချောက်ထဲထိုးကျ၍ အမျိုးသားတစ်ဦး သေဆုံး

(မှုခင်း) ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊မန္တလေး-ပြင်ဦးလွင်လမ်း၊တွင်သံကျောက်များသယ်ဆောင်လာသည့်တွဲကားတစ်စီးလမ်းဘေးချောင်ထဲထိုးကျခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ဇွန်လ ၁၀ ရက်နေ့ ည ၁၁နာရီခန့်ကမန္တလေး-ပြင်ဦးလွင်လမ်း မိုင်တိုင်အမှတ် (၁၆/၂) အနီးတွင် သံကျောက်များ တင်ဆောင်လာသည့် တွဲကားမှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်အတွင်း ထိုးကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါယာဥ်ပေါ်လိုက်ပါလာသူနှစ်ဦးအနက် အမျိုးသားတစ်ဦးသည် ကားနှင့်အတူ ချောက်အတွင်းပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ်ပြီးကျန်တစ်ဦးမှာ ချောက်နှုတ်ခမ်းအနီးတွင် အသက်ရှင်လျက် တွေ့ရှိကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တွဲကားချောက်အတွင်း ထိုးကျမှုဖြစ်ပွားရာသို့ စေတနာမွန် လူမှုကူညီရေးအသင်း(အုန်းချော)မှ သွားရောက်ကူညီကယ်ဆယ်ခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူအား ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN