တပ်ကုန်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၉

နေပြည်တော်တိုင်း‌ဒေသကြီး၊တပ်ကုန်းမြို့နယ်တွင် ငွေကျပ် သိန်း၃၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဇွန်လ ၈ ရက်နေ့ ၁နာရီအချိန်တွင် တပ်ကုန်းမြို့နယ်၊ မရိုးကုန်းကျေးရွာနေ ဇော်ကြီး ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ကိုထက် အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြား တန်ဖိုးငွေကျပ် ၂၅ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့‌ကြောင်း သိရသည်။

အဆိုပါ ကွင်းဆက်ဖော်ထုတ်ချက်အရ ၁နာရီခွဲအချိန်တွင် တင့်ဇော်(ခ)ဇော်ကြီး အား အဆိုပါကျေးရွာရှိ ၎င်း၏နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ ပြား တန်ဖိုးငွေကျပ်သိန်း ၃၀၀နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဇော်ကြီး(၄၇)နှစ်၊ ကိုထက်(၂၇)နှစ် နှင့် တင့်ဇော်(ခ)ဇော်ကြီး(၄၅)နှစ်တို့အား တောင်ပို့သာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN