နောင်ချိုမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၉

ရှမ်းပြည်နယ်‌ေမြာက်ပိုင်း၊နောင်ချိုမြို့နယ်တွင် ငွေကျပ် ၅,၇၀၃.၇၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီရမိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်အနီးတွင် ဇွန်လ ၇ ရက်နေ့ ၁၁နာရီအချိန်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းလှဝင်း မောင်းနှင်ပြီး စိုင်းဆိုင်ခေး လိုက်ပါလာသည့် LINCOIN NAVIGATOR အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၁,၁၄၀,၇၅၀ ပြား တန်ဖိုးငွေကျပ် ၅,၇၀၃.၇၅ သိန်းနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် စိုင်းလှဝင်း(၂၉)နှစ် နှင့် စိုင်းဆိုင်ခေး(၂၄)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN