(မှုခင်း) ဇွန် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်တွင် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၇ ရက်၊ ည ၈ နာရီ ၂၀ မိနစ်ခန့်က ရွှေဘုံသာရပ်ကွက် (၁)၊ နယ်မြေ (၂)၊ စိန်ချယ်လမ်းရှိ အိမ်ရှင်ဖြစ်သူ တင့်နိုင်ဝင်း (ခ) အီကွေး သည် အိပ်ရာပေါ်တွင် ဆေးလိပ်သောက်ရာ ဂွမ်းကပ်အိပ်ယာခင်းပေါ်သို့ ဆေးလိပ်မီး ပြာချွေချမိရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရာသို့ ရွှေညောင်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် လူနှင့် အခြား ထိခိုက်မှု မရှိကြောင်း မီးပေါ့ဆစွာ အသုံးပြုသူ အိမ်ရှင် တင့်နိုင်ဝင်း (ခ) အီကွေး အား ရွှေညောင် နယ်မြေ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN