
(နိုင်ငံတကာ) ဇွန် ၇
အမေရိကန်-အစ္စရေး မဟာမိတ်များနှင့် အီရန်တို့အကြား ဖြစ် ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် သံတမန်ရေးရာ ကြိုးပမ်းမှုအဖြစ် ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး မိုဆင် နတ်ကဗီသည် ၎င်းတို့နိုင်ငံ၏ စစ်ဦးစီးချုပ်နှင့် ဝန်ကြီး ချုပ်တို့ထံမှ အဓိပတိခေါင်း ဆောင်ကြီးထံ ပေးပို့သော “အထူးသဝဏ်လွှာ” ကို လက်ဆင့် ကမ်းရန် စနေနေ့ နှောင်းပိုင်းတွင် အီရန်မြို့တော် တီဟီရန်သို့ ရောက်ရှိခဲ့သည်။
နတ်ကဗီသည် အီရန်ပြည်ထဲရေးဝန်ကြီး အက်စကန်ဒါ မိုမေနီနှင့် တွေ့ဆုံကာ ဒေသတွင်း နောက်ဆုံးဖြစ်ပေါ် တိုး တက်မှုများနှင့် ပြည်တွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။
ယခုခရီးစဉ်သည် ပင်လယ်ကွေ့ဒေသတွင် တင်းမာမှုများ တစ်ကျော့ပြန် မြင့်တက်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ် သည်။ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM)က ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားတွင် အီရန်၏ တိုက်ခိုက်ရေးဒရုန်းများနှင့် ဘာလစ်စတစ်ဒုံး ကျည်များကို ကြားဖြတ်ပစ်ချခဲ့ကြောင်းနှင့် အီရန်ကမ်းခြေစောင့် ရေဒါစခန်းများကိုပါ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများအပေါ် ဘာရိန်းနိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့က “ရိုင်းစိုင်းသော ကျူးကျော်မှုနှင့် အန္တရာယ်ရှိသော အခြေ အနေ တင်းမာမှုဖြစ်စေခြင်း” ဟု ပြစ်တင်ရှုတ်ချခဲ့ကြပြီး အီဂျစ်၊ ဂျော်ဒန်၊ ကာတာနိုင်ငံတို့ကလည်း ပူးပေါင်းကန့်ကွက်ခဲ့ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရက်သတ္တပတ်ကုန်ပိုင်းတွင် သဘောတူညီချက်တစ်ခု အပြီးသတ်နိုင်မည်ဟု မျှော်လင့် ချက် ထားရှိသော်လည်း၊ အီရန်အဓိပတိခေါင်း ဆောင်၏ စစ်ဘက်ဆိုင်ရာ အကြံပေး မိုဆန် ရီဇိုင်းက “ညှိနှိုင်းမှုတွေက အကျပ်အတည်းဆိုက်နေပြီး ထရမ့်အနေနဲ့ ဒါကို အရင်ဖြေရှင်းရမယ်” ဟု တုံ့ပြန်ခဲ့သည်။
ထို့အပြင် အမေရိကန်က အေးခဲထားသည့် အီရန်ပိုင်ဆိုင်မှု ဒေါ်လာ ၂၄ ဘီလီယံခန့်ကို ပြန်လည်ထုတ်ပေးရန် တောင်းဆိုထားသည်။ သို့သော်လည်း အမေရိကန် ဘဏ္ဍာရေးဝန် ကြီးဌာနဘက်က ယင်းပိုင်ဆိုင်မှုများကို အီရန်တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံများ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုရန် စဉ်းစားနေခြင်းကြောင့် ဆွေးနွေးပွဲများ လမ်းစပျောက်နေရခြင်း ဖြစ်သည်။
စစ်ပွဲစတင်ချိန်မှစ၍ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ခဲ့ခြင်းကြောင့် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေး နှုန်းများ စံချိန်တင် မြင့်တက်ခဲ့ရသည်။ ဧပြီလ ၈ ရက်နေ့က ပါကစ္စတန်၏ ကြားဝင်စေ့စပ်မှုဖြင့် ယာယီအပစ်အခတ်ရပ်စဲရေး ရရှိခဲ့ပြီးနောက် တိုက်ခိုက်မှုများ ငြိမ်သက်သွားခဲ့သော်လည်း၊ အစ္စလာမ္မာဘတ်၌ ပြုလုပ်သည့် တိုက်ရိုက်ဆွေးနွေးပွဲများ ပျက်ပြားခဲ့ရသည်။
လက်ရှိတွင် နှစ်ဦးနှစ်ဖက်စလုံးသည် ပါကစ္စတန်မှတစ် ဆင့် အဆိုပြုချက်များကို အပြန်အလှန် ပေးပို့နေကြသော် လည်း အခြေအနေ တင်းမာမှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် အပြည့်အဝ စစ်ပွဲကြီး ပြန်လည်စတင်လာနိုင်ကြောင်း ကမ္ဘာ့နိုင်ငံများက စိုးရိမ်လျက်ရှိသည်။
Telegram»…
https://t.me/positiveanglenews
#PAN