
(မိုး/ဇလ) ဇွန် ၅
ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းအုပ်စုအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေ ရုတ်တရက် ကျဆင်းလာရာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန်လ၅ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှု့ကြောင့် ငရုတ်ကောင်းမြို့၊ တင်းချောင်းအုပ်စုအတွင်းရှိတင်းချောင်း-ဝက်ကော်ရွာ ချင်းဆက်ကိုယ်ထူကိုယ်ထ တံတားမှာ အလျား ၃၀၀ ပေ၊ အနံ ၆ ပေ ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးနှင့် နွား၄ကောင်ရေစီနှင့်မြောပါသွားကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့် ပြည်သူများ နေထိုင်စားသောက်ရေအတွက် အဆင်ပြေစေရန် သက်ဆိုင်ရာအဖွဲ့အစည်းများမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။