စစ်ကိုင်းမြို့ လဝက ရုံးအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား ဝန်ထမ်းများနှင့်ပြည်သူများ ထိခိုက်ဒဏ်ရာရ

(မှုခင်း) ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ရုံးအတွင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က စစ်ကိုင်းမြို့နယ် လ၀ကရုံး ဝင်ပေါက်ဘေးတွင် ဗုံးပေါက် ကွဲခဲ့ရာ လ၀ကရုံးမှ ဝန်ထမ်း ၆ဦးနှင့် မှတ်ပုံတင်၊ အိမ်ထောင်စုဇယားလာရောက်ပြုလုပ်သူ ပြည်သူ ၁၄ ဦးအပါဝင် အယောက် ၂၀ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။။

အဆိူပါ ဗုံးစထိမှန်ဒဏ်ရာရရှိသူများအား စစ်ကိုင်းမြို့ ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။