
(နိုင်ငံတကာ) ဇွန် ၄
အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းက ရဟတ်ယာဉ်လေ့ကျင့်ရေးဆင်းနေစဉ်အတွင်း ကြေကွဲဖွယ် လေယာဉ်ပျက်ကျမှုတစ်ခု ဖြစ်ပွားခဲ့ရာ ဗြိတိန်ဘုရင့်ရေတပ်မှ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ခဲ့သည်။
အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုသည် ဗုဒ္ဓဟူးနေ့ နံနက် ၄:၀၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၃:၀၀ နာရီ) ခန့်တွင် ဒေဗွန် (Devon)စီရင်စုရှိ ဆော်ရ်တွန် (Sourton)ကျေးရွာအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လေ့ကျင့်ရေးပျံသန်းမှု ပြုလုပ်နေစဉ်အတွင်း ယခုကဲ့သို့ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းအရင်းကို သိရှိနိုင်ရန် ဗြိတိန်ရေတပ်ဦးစီးချုပ် ဂျန်နရယ် ဂဝင် ဂျန်ကင် (General Gwyn Jenkin) က ညွှန်ကြားကာ စုံစမ်းစစ်ဆေးမှုများ ချက်ချင်းစတင်လုပ်ဆောင်နေပြီဖြစ်သည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ လူမှုကွန် ရက်စာမျက်နှာမှတစ်ဆင့် “အလွန်တရာ ဝမ်းနည်းကြေကွဲရပါကြောင်း” ဖော်ပြခဲ့ပြီး၊ သေဆုံးသူတို့၏ မိသားစုဝင်များ၊ သူငယ်ချင်းမိတ်ဆွေများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းပူဆွေးရကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း နံနက်အစောပိုင်း ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် အချက် အလက်များကိုမူ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးဘဲ၊ သေ ဆုံးသူများ၏ မိသားစုဝင်များက စိတ်နှလုံးတည်ငြိမ်မှုရရှိစေရန် သတင်းအချက်အလက်များ ထပ်မံမထုတ်ပြန်မီ “အတန်ကြာ စောင့်ဆိုင်းပေးရန် (Period of grace)” တောင်းဆိုထားကြောင်း သိရသည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) ကလည်း ၎င်းအနေဖြင့် ယခုဖြစ်စဉ်ကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး၊ ယခုအချိန်သည် သေဆုံးသူများ၏ မိသားစုဝင်များအတွက် အလွန်စိုးရိမ်ပူပန်စရာကောင်းသော အချိန်ဖြစ်ကြောင်းနှင့် လိုအပ်သည့် သတင်းအချက်အလက်များကို တတ်နိုင်သမျှ အမြန်ဆုံး ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ ရဟတ်ယာဉ်ပျက်ကျခဲ့သည့် နေရာအနီးတွင် အနောက်ဥရောပ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သော HMNB Devonport အပါ အဝင် ဗြိတိန်ရေတပ်အခြေစိုက်စခန်းအချို့ တည်ရှိနေကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN