
(ပြည်တွင်း) ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ရှိ နွားထိုးကြီး-ပြင်စည်ကားလမ်းဘေး၌ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသည့်လက်လုပ်မိုင်း ၇ လုံးအား လုံခြုံရေးအဖွဲ့မှ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီး-ပြင်စည်ကားလမ်းဘေး၌ PDF အမည်ခံအကြမ်းဖက် သမားများက မိုင်းထောင်ခြင်းများ ဆောင် ရွက်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် လုံခြုံရေးပူးပေါင်း အဖွဲ့များက နွားထိုးကြီးမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်းလုပ်ငန်းများဆောင် ရွက်ခဲ့ရာ ဖက်ခူးကျေးရွာနှင့် ရှောက်တောဝ ကျေးရွာကြား ကားလမ်းဘေးဝဲ/ယာဘက် များ၌ မိုင်းရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှင်းလင်းဆောင်ရွက်ခဲ့ရာတွင် PDF အမည်ခံအကြမ်းဖက် အဖွဲ့ထောင်ထားသည့် PVC ပိုက်ဖြင့် ပြုလုပ်ထားသော အချင်း ၆ လက်မခန့်၊ အလျား ၁ ပေခန့်ရှိ လက်လုပ်မိုင်း ၂ လုံး၊အချင်း ၆ လက်မခန့်၊ အလျား ၁ ပေခန့်ရှိ လက်လုပ် မိုင်း ၃ လုံး၊အရှည် ၁ ပေခွဲခန့်ရှိ လက်လုပ်မိုင်း ၁ လုံးနှင့် သံပိုက်ဖြင့်ပြုလုပ်ထားသော အချင်း ၁ ပေခန့်၊အလျား ၁ ပေခွဲခန့်ရှိ လက်လုပ်မိုင်း ၁ လုံး၊စုစုပေါင်း လက်လုပ်မိုင်း ၇ လုံးတို့အားတွေ့ရှိ၍ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းစေရေး စနစ်တကျ ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။