
(မှုခင်း) ဇွန် ၂
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာ (၁၃)ရပ်ကွက်တွင် Gasပေါက်ကွဲမှုကြောင့် မီးလောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၁ရက်နေ့ ည ၇ နာရီ အချိန်ခန့်တွင် ရေးမြို့နယ်၊ ဟံဂံကျေးရွာ (၁၃)ရပ်ကွက်တွင် ထမင်းဟင်းချက်ပြုတ်စဉ် Gasပေါက်ကွဲမှုဖြစ်သဖြင့် မီးလောင်းမှုဖြစ်ပွားခဲ့ပြီး နှစ်ထပ်နေအိမ်တစ်အိမ် မီးလောင်ရှုံးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်သည့်နေရာသို့ မြို့နယ်သန္ဓေမီးသတ်၊ ရန်ကြီးအောင်နှင့် အောင်မင်္ဂလာ အရန်မီးသတ်၊ ပရဟိတအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်းမီးငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။