
(ပြည်တွင်း) မေ ၂၆
ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ပျူးစောထီးလမ်းရှိ ဒေါ်အိအိဖြူပိုင် အမှတ်(၇၉၁/ဘီ) နေအိမ် အပေါ်ထပ်တွင် မြန်မာနိုင်ငံတောင်သူ လယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ခရိုင်/မြို့နယ် ပါတီရုံးခန်းကို မေလ ၂၅ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထွန်း (ကော့သောင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ်-၂)၊ ခရိုင်ဥက္ကဋ္ဌ ဦးသူရိန်၊ မြို့နယ်ဥက္ကဋ္ဌ ဦးထီလာထွေးနှင့် ခရိုင်/မြို့နယ် ကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်း ၁၅ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားအတွင်း ပါတီတာဝန်ရှိသူများက ပါတီရုံး ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပတ်ဖြန်းဖွင့်လှစ်ခဲ့ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထွန်းက ပြင်ဆင်ဖွဲ့စည်းထားသည့် မြို့နယ်ကော်မတီဖွဲ့စည်းပုံအတိုင်း စည်းရုံးညီညွတ်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မေ ၂၇ ရက်တွင် အဆိုပါ ခရိုင်/မြို့နယ် ပါတီရုံး၌ ကျင်းပမည့် လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာများနှင့် အသိမိတ်ဆွေများအား ဖိတ်ကြားထားသဖြင့် စည်းကားစွာ တက်ရောက်ပေးရန် လိုအပ်ကြောင်း ထပ်မံ တိုက်တွန်းခဲ့ကြေကာင်း သိရသည်။