ဂါဇာသို့ဦးတည်သည့် ကူညီရေးရေယာဉ်စုမှ တက်ကြွလှုပ်ရှားသူများအပေါ် ဆက်ဆံပုံမှာ ‘စက်ဆုပ်ရွံရှာဖွယ်ကောင်းကြောင်း’ ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနီ ပြောကြား

ကနေဒါ ဝန် ကြီးချုပ် မာ့ခ် ကာနီ (Mark Carney)

(နိုင်ငံတကာ)မေ ၂၆

    ​​​​ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီရေးပစ္စည်းများ ပေးအပ်ရန် သွားရောက်သည့် Global Sumud ကူညီရေးရေယာဉ်စုမှ တက်ကြွလှုပ်ရှားသူ များအပေါ် အစ္စရေးအစိုးရ၏ “စက်ဆုပ်ရွံရှာဖွယ်ကောင်းသော” ဆက်ဆံမှုများနှင့် ပတ်သက်၍ ကနေဒါ ဝန် ကြီးချုပ် မာ့ခ် ကာနီ (Mark Carney) က ပြင်းပြင်းထန် ထန် မကျေနပ်ချက် ဖော်ပြကာ စွပ်စွဲချက်များအပေါ် လွတ် လပ်သော စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် အစ္စရေးသမ္မတ အိုက်ဇက် ဟာဇော့ဂ် နှင့် ဖုန်းဖြင့်ဆက်သွယ်စဉ် တောင်းဆိုလိုက်သည်။

     ပြီးခဲ့သည့်ရက်ပိုင်းက အစ္စရေးအမျိုးသားလုံခြုံရေးဝန် ကြီး အီတာမာ ဘန်ဂါဗီယာ ကိုယ်တိုင် လူမှုကွန်ရက်တွင် တင်ခဲ့သည့် ဗီဒီယိုဖိုင်အတွင်း၌ ကူညီရေးအဖွဲ့မှ တက်ကြွလှုပ်ရှားသူများအား ကြိုးတုပ်ခြင်း၊ လှောင်ပြောင်သရော်ခြင်းနှင့် မြေပြင်ပေါ်တွင် ဒူးထောက်ခိုင်းထားခြင်းတို့ကို တွေ့မြင်ခဲ့ရပြီးနောက် နိုင်ငံတကာ ၏ ကန့်ကွက်ရှုတ်ချမှုများ ဆက်တိုက်ထွက်ပေါ်လာခြင်း ဖြစ် သည်။

     အဆိုပါ ကူညီရေးရေယာဉ်စုသည် ၂၀၂၃ ခုနှစ် အောက် တိုဘာလကတည်းက ပါလက်စတိုင်းပြည်သူ ၇၅,၀၀၀ ကျော် သေ ဆုံးခဲ့ရသည့် အစ္စရေး၏ လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲကြောင့် ကပ်ဘေးဆိုးကြီးနှင့် ရင်ဆိုင်နေရသော ဂါဇာဒေသသို့ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရန် ရေယာဉ်အစင်းရေ ၇၀ နှင့် ပါဝင်သူ ၃,၀၀၀ ခန့်ဖြင့် ဧပြီလ ၁၂ ရက်က မြေထဲပင်လယ်အတွင်း မစ်ရှင်အသစ် စတင်ခဲ့ခြင်း ဖြစ်သည်။

      သို့သော်လည်း အမ်နက်စတီ အင်တာနေရှင်နယ်(သြစတြေးလျ)၏ ခန့်မှန်းချက်အရ အစ္စရေးတပ်ဖွဲ့များသည် အပြည်ပြည်ဆိုင်ရာဥပဒေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်လျက် နိုင်ငံ တကာရေပိုင်နက်အတွင်း အဆိုပါရေယာဉ်များကို အတင်းအဓမ္မ တက်ရောက်စီးနင်းကာ လူပေါင်း ၄၃၀ နီးပါးကို ဖမ်းဆီးထိန်း သိမ်းခဲ့သည်။ ဖမ်းဆီးခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူများ၏ ပြောပြချက်အရ ၎င်းတို့သည် ထိန်းချုပ်ခံရစဉ်အတွင်း ပြင်းထန်စွာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး အနည်းဆုံး ၁၅ ဦးမှာ မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုများ ရှိခဲ့ကြောင်း သိရသည်။

     ကနေဒါနိုင်ငံခြားရေးဝန်ကြီး အနီတာ အာနန် ကလည်း ၎င်းတို့နိုင်ငံသားများ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်အတွင်း ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုများ ရယူခွင့်ကို ငြင်းပယ်ခြင်းမှာ ဗီယင်နာကွန်ဗင်းရှင်းကို ချိုးဖောက်ခြင်းဖြစ် ကြောင်း အစ္စရေးနိုင်ငံ ခြားရေးဝန်ကြီးထံ ကန့်ကွက်ခဲ့ပြီး နှိပ်စက်ခံရသည့် သက်သေအထောက်အထားများကို လွှဲပြောင်းပေးအပ်သွားမည်ဟု ဆို သည်။

     အစ္စရေးဘက်ကမူ မည်သည့်သက်သေမျှမရှိဘဲ ၎င်းတို့ သည် အကြမ်းဖက်ဟားမတ်စ်အဖွဲ့၏ မြှောက်ပင့်မှုကြောင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသော်လည်း၊ ပြင်သစ်နိုင်ငံက အဆိုပါလုပ်ရပ်တွင် တာဝန်ရှိသည့် အစ္စရေးဝန်ကြီး ဘန်ဂါဗီယာကို ၎င်းတို့နယ်မြေအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်လိုက်သလို ပိုလန်နိုင်ငံကလည်း ၅ နှစ်ကြာ ပိတ်ပင်ရန် လုပ်ဆောင်နေပြီး၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ ကလည်း ယခုလုပ်ရပ်သည် လူ သားတို့၏ ဂုဏ် သိက္ခာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း သတိ ပေးကာ အစ္စရေးသံအမတ်ကို ဆင့်ခေါ်၍ ပြင်းထန်စွာ ကန့်ကွက်ထားကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN