
(မှုခင်း) မေ ၂၅
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်တွင် မေလ ၂၄ ရက်နေ့ ညနေ ၃ နာရီ အချိန်ခန့်က နေအိမ်မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ဖွဲ့၀င်များသည် မီးငြှိမ်းသတ်ယာဉ်(၄)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၂၀ မိနစ်အချိန်တွင် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့် မီးလောင်ရသည့်အကြောင်းရင်းကို သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။