(စီးပွားရေး ) မေ ၂၄မြန်မာ့မီးရထားအနေဖြင့် ရက် (၁၀၀) စီမံချက်အရ DEMU ရထားများကို တိုးချဲ့ပြေးဆွဲလျက်ရှိပြီး ပြည်သူများ၏ အသံကို နားထောင်ကာ ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
DEMU ရထားများဖြင့် စတင်ပြေးဆွဲသည့် ရန်ကုန်–နေပြည်တော်နှင့် နေပြည်တော်–ရန်ကုန် ခရီးစဉ်များကို ၂၀၂၅ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အွန်လိုင်းလက်မှတ်ဝယ်ယူမှုစနစ်ကို စတင်အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရက် (၁၀၀) စီမံချက်အဖြစ် မေလ (၁) ရက်နေ့တွင် ရန်ကုန်–မန္တလေးနှင့် မန္တလေး–ရန်ကုန် ခရီးစဉ်များကို DEMU ရထားများဖြင့် စတင်ပြေးဆွဲခဲ့ပြီး ခရီးစဉ်ဝန်ဆောင်မှုများ တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြသည်။
အဆိုပါလမ်းကြောင်းများအပြီးတွင် ရန်ကုန်–မော်လမြိုင် လမ်းပိုင်းကို ဇွန်လအတွင်း၊ ရန်ကုန်–ပြည် လမ်းပိုင်းကို ဇူလိုင်လအတွင်း DEMU ရထားများဖြင့် ထပ်မံပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ခရီးသွားပြည်သူများ၏ လိုအပ်ချက်များကို အလေးထား၍ ဝန်ဆောင်မှုအရည်အသွေး ပိုမိုကောင်းမွန်စေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN