မတူပီမြို့နယ်တွင် ကျောင်းသား၃ဦးနှင့် နားမကြားသူ ၁ဦးအား CDF-Matupi က စစ်မှုထမ်းရန် ဖမ်းဆီး

(ပြည်တွင်း) မေ ၁၉

ချင်းပြည်နယ်တောင်ပိုင်း ၊ မတူပီမြို့နယ် ၊ စောင်ထီးယားကျေးရွာတွင် ပြည်သူတချို့အား ချင်းအကြမ်းဖက်လက်နတ်ကိုင် ၊ CDF Matupi နဲ့ပူးပေါင်းအဖွဲ့မှ စစ်မှုထမ်းရန်ဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။

ချင်းပြည်နယ်အကြမ်းဖက်အဖွဲ့ CDF Matupi နှင့် ပူးပေါင်းအဖွဲ့သည် မေလ ၉ ရက်နေ့မှစ၍ စောင်ထီးယားကျေးရွာတွင် စစ်မှုထမ်းရန်အတွက် လူငယ်တွေကို ဖမ်းဆီး စုဆောင်းမှုတွေပြုလုပ်ခဲ့ပြီး ရွာထဲမှ ကျောင်းသား ၃ဦး နှင့်နားမကြားသည့် ကလေးဖခင် ၁ ဦး စုစုပေါင်း(၄)ဦး ကို စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။။

အဆိုပါဖမ်းဆီးမှုအား ကျေးရွာဒေသခံပြည်သူများမှ ဖမ်းဆီးထားသူများကို ပြန်လွတ်ပေးရန် မေလ (၁၁-၁၂ )ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း၊ ချင်း အကြမ်းဖက်လက်နတ်ကိုင်အဖွဲ CDF-Matupi (ယခင်တပ်မဟာ-၂) သည် ဖေဖော်ဝါရီလအတွင်း သတ်မှတ် ပြဌာန်းလိုက်သည့်စစ်မှုထမ်းမူဝါဒကို အကောင်ထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်းမတ်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားကြောင်း သိရသည်။