
(နိုင်ငံတကာ)မေ ၁၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် စီစဉ်ထားသည့် အိမ်ဖြူတော် ကပွဲခန်းမသစ် (White House Ball-room)နှင့် မြေအောက်အဆောက်အအုံများ လုံခြုံရေးအဆင့်မြှင့်တင်ရန်အတွက် အခွန်ထမ်းပြည်သူများ၏ ငွေကြေး ဒေါ်လာ ၁ ဘီလီယံ သုံးစွဲမည့် ရီပတ်ဘလီကန်များ၏ ကြိုးပမ်းမှုကို ဆီနိတ်လွှတ်တော် အဆင့်မြင့်အရာရှိက ကြီးမားသော အဟန့်အတားတစ်ခု ပြု လုပ်ကာ ပယ်ချလိုက်သည်။
ဆီနိတ်လွှတ်တော်၏ ပါလီမန်ရေးရာကျွမ်းကျင်သူ (Senate Parliamentarian) အယ်လီဇာဘတ် မက်ဒေါနော့ဖ် (Elizabeth MacDonough)က အဆိုပါ လုံခြုံ ရေးရန်ပုံငွေသည် လွှတ်တော်၏ ဘတ်ဂျက်စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိကြောင်း စနေနေ့တွင် ဆုံးဖြတ် ချက် ချမှတ်ခဲ့သည်။
ရီပတ်ဘလီကန်များသည် ဒီမိုကရက်တစ်အမတ်များ၏ ကန့်ကွက်မှုကို ကျော်လွှားရန်နှင့် ထောက်ခံမဲ ၆၀ မလိုဘဲ အတည်ပြုနိုင်ရန်အတွက် “အမြန်လမ်းဘတ်ဂျက်လုပ်ငန်း စဉ်” (Fast-track budget process)ကို အသုံးပြု၍ ယခုရန်ပုံငွေကို ဖြတ်သန်းရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ယခုဆုံးဖြတ်ချက်ကြောင့် ရီပတ်ဘလီကန်များအနေဖြင့် ဒီမိုကရက်များ၏ ထောက်ခံမှုမပါဘဲ အဆိုပါ ဘတ်ဂျက်ကို အတည်ပြုရန် အလွန်ခက်ခဲသွားပြီ ဖြစ်သည်။ လက်ရှိတွင် ဆီနိတ်လွှတ် တော်၌ ရီပတ်ဘလီကန်က ၅၃ မဲ၊ ဒီမိုကရက်က ၄၇ မဲဖြင့် အဓိကနေရာ ရယူထား သည်။
သမ္မတထရန့်က ၎င်း၏ ကပွဲခန်းမ ဆောက်လုပ်ရေးအတွက် ကုန်ကျမည့် ဒေါ်လာ သန်း ၄၀၀ ကို ပုဂ္ဂလိက အလှူငွေများဖြင့်သာ စိုက်ထုတ်မည်ဟု အစဉ်တစိုက် ပြောကြားခဲ့သော်လည်း၊ ရီပတ်ဘလီကန်များက လျှို့ဝှက်ထောက် လှမ်းရေးအဖွဲ့ (Secret Service)အတွက်ဟုဆိုကာ ဒေါ်လာ ၁ ဘီလီယံကို အသုံးစရိတ်ဥပဒေကြမ်းတွင် ထည့် သွင်းရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
ဆီနိတ်ဘတ်ဂျက်ကော်မတီမှ ထိပ်တန်းဒီမိုကရက်တစ်အမတ် ဂျက်ဖ် မာကလေ (Jeff Merkley) က ယခုအဆိုပြုချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ စက်သုံးဆီဈေးနှုန်းနှင့် လူနေမှုစရိတ် မြင့်မားမှုကြောင့် အမေရိကန်ပြည်သူများ ရုန်းကန်နေရချိန်တွင် ဤစီမံကိန်းသည် မလိုအပ်ဘဲ အလဟဿဖြစ်စေမည့် ဇိမ်ခံစီမံကိန်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ရီပတ်ဘလီကန်များက ဥပဒေကြမ်းကို ပြန်လည်ပြင် ဆင်ရန် ကြိုးပမ်းလာပါကလည်း ဆက်လက်ကန့်ကွက်သွားမည်ဟု ဆိုသည်။
အငြင်းပွားဖွယ်ဖြစ်နေသော ယခု ကပွဲခန်းမလုံခြုံ ရေးရန်ပုံငွေသည် ရီပတ်ဘလီကန်များ အတည်ပြုရန် မျှော်လင့်ထားသည့် ပိုမိုကျယ်ပြန့်သော ဒေါ်လာ ၇၂ ဘီလီယံတန် လူဝင်မှုကြီးကြပ်ရေး အသုံးစရိတ်ပက်ကေ့ဂျ်၏ အစိတ် အပိုင်းတစ်ခု ဖြစ်သည်။ ဒီမိုကရက်များကမူ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မင်နီဆိုးတားပြည်နယ်၌ ဖက်ဒရယ်အေးဂျင့်များ၏ စစ်ဆင်ရေးအတွင်း အမေရိကန်နိုင်ငံသားများ သေဆုံးခဲ့ရသည့် ဖြစ်စဉ်များကို ထောက်ပြကာ၊ လူဝင်မှု ကြီးကြပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုများ မပါဝင်ပါက ရန်ပုံငွေ တိုးမြှင့်ပေးမည်မဟုတ်ကြောင်း ကန့်ကွက်ထားသည်။
အခြားတစ်ဖက်တွင် ရီပတ်ဘလီကန်များက ပြီးခဲ့သည့် ဧပြီလက ဝါရှင်တန်ဒီစီတွင် သေနတ်ကိုင်ဆောင်ထားသူတစ်ဦးသည် သမ္မတထရန့် တက်ရောက်နေသည့် မီဒီယာပွဲတစ်ခုအတွင်းသို့ ဝင်ရောက်ရန် ကြိုး ပမ်းခဲ့သည့် ဖြစ်စဉ်ကို ထောက်ပြပြီး သမ္မတ၏ အသက်အန္တရာယ်ကို ကာကွယ်ရန် ယခုလုံခြုံရေးရန်ပုံငွေမှာ မရှိမဖြစ် လိုအပ်ကြောင်း အကြောင်းပြထားကြသည်။
သမ္မတထရန့်က ၎င်း၏ ဒုတိယသက်တမ်းကုန်ဆုံးခါနီးဖြစ်သော ၂၀၂၈ ခုနှစ် စက်တင်ဘာလတွင် ယခု ကပွဲခန်းမကို “ကမ္ဘာပေါ်တွင် အကောင်းဆုံး အဆောက်အအုံ” အဖြစ် အပြီးသတ် တည်ဆောက်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
#WhiteHouseBallroom #DonaldTrump #SenateRuling #SecretService #USBudget #PositiveAngleNews #BreakingNews #USPolitics
Telegram»…
https://t.me/positiveanglenews
#PAN