(ပြည်တွင်း) မေ ၁၇

မြန်မာနိုင်ငံရဲ့ ငွေကြေးအချမ်းသာဆုံးစာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ခရိုနီသူဌေးကြီး ဦးတေဇရဲ့သားကို စစ်မှုထမ်းမှတ်ပုံတင်စာရင်းသွင်းဖို့ ခေါ်ယူထားပြီ ဖြစ်ပါတယ်။
ကမာရွတ်မြို့ နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ခေါ်ယူခဲ့တယ်ဆိုတဲ့ စစ်မှုထမ်း ဆင့်ခေါ်စာတစ်စောင် လူမှုကွန်ယက်စာမျက်နှာတွေပေါ် ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။
စစ်မှုထမ်းရန် အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခြင်းဆိုတဲ့ ခေါင်းစဥ်နဲ့ ဦးဇေရဲ့သားဖြစ်သူ မောင်ထူးထက်တေဇကို ဆင့်ခေါ်ခဲ့တဲ့အကြောင်း အဆိုပါ ဆင့်ခေါ်စာဓာတ်ပုံအက သိရတာ ဖြစ်ပါတယ်။
မောက်ထူးထက်တေဇမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အသက်အရွယ်ပြည့်မြောက်ပြီးသူ ဖြစ်တာကြောင့် စစ်မှုထမ်းဖို့ အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းနိုင်ဖိူ့အတွက်မေလ ၁၄. ရက်နေ့ကို ကမာရွတ်မြို့နယ်ထွေအုပ်ရုံကို မပျက်မကွက် သတင်းပို့ဖို့ ဆင့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
သတင်းပို့တဲ့ အခါ နိုင်ငံသား/ ဧည့်နိုင်ငံသား/နိုင်ငံသား(ပြု) စိစစ်ရေးကတ်နဲ့ လိုင်စင်ဓါတ်ပုံ(၃)ပုကို မပျက်မကွက် ယူဆောင်လာရဖို့လည်း မှာကြားထားတာ တွေ့ရပါတယ်။
မောင်ထူးတက်တေဇအနေနဲ့ စစ်မှုထမ်းမှတ်ပုံတင်စာရင်းသွင်းဖို့ ပျက်ကွက်ခဲ့ရင်တော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေးယူခံရနိုင်တယ်လို့လည်း ကမာရွတ်မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က သတိပေးထားပါတယ်။